သြစတေးလျက အမေရိကန်ထံမှ တာဝေးပစ်ဒုံးကျည်များဝယ်ယူမည်
PUBLISHED - August 21, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၁
တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားကြီးထွားလာမှုကို တန်ပြန်ရင်ဆိုင်ရေးအတွက် စဉ်းစားရာမှာ သြစတေးလျနိုင် ငံဟာ အမေရိကန်ပြည်ထောင်စုထံက တာဝေးပစ်ဒုံးကျည်တွေ ဝယ်ယူနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုဖို့ စဉ်းစား နေတယ်လို့ သြစတေးလျအရာရှိတွေက သြဂုတ်လ ၂၁ ရက်နေ့ကပြောကြားလိုက်ပါတယ်။
သြစတေးလျလက်နက်တိုက်ကို အင်အားကောင်းပြီး နည်းပညာအရခေတ်မီတဲ့လက်နက်တွေဖြည့်တင်းရာမှာ ဒေါ်လာ သန်း ၈၃၀ တန်ကြေးရှိ တိုမာဟော့ခရုစ်ဒုံးကျည် အစင်း ၂၀၀ ကျော်ဝယ်ယူဖို့ စဉ်းစားနေတာဖြစ်တယ် လို့ ကကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဝန်ကြီး ပတ်ကော်နွိုင်းက ပြောပါတယ်။
“လူအများအပြားက ဒုံးကျည်ခေတ်လို့ခေါ်နေတဲ့ခေတ်ထဲကို ကျွန်တော်တို့ဝင်ရောက်လာပြီဖြစ်တဲ့အတွက် သြစ တေးလျနိုင်ငံကို ကာကွယ်ဖို့ အဲဒီဒုံးကျည်တွေဟာ အလွန်အရေးပါတဲ့လက်နက်တွေဖြစ်လာမှာဖြစ်ပါတယ်။” လို့ မစ္စတာကော်နွိုင်းက ပြောပါတယ်။
တိုမာဟော့ခရုစ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၀၀၀ ကျော်အကွာအဝေးက ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပြီး သြစ တေးလျရေတပ်က ဟိုဘတ်အဆင့် ဖျက်သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။
နောက်ဆုံး ဒီဒုံးကျည်တွေကို သြစတေးလျ၊ ဗြိတိန်၊ အမေရိကန်တို့ ပေါင်းစည်းထားတဲ့ AUKUS သုံးပွင့်ဆိုင်အစီ အစဉ်အရ ရရှိလာမယ့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေမှာလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။
သြစတေးလျအစိုးရအနေနဲ့ အမေရိကန်ကကမ်းလှမ်းထားတဲ့ Himars အတွဲလိုက်ဒုံးပစ်လောင်ချာတွေကိုလည်း ဝယ်ယူထားပြီးဖြစ်ကြောင်း ဇန်နဝါရီလက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Himars အတွဲလိုက်ဒုံးပစ်လောင်ချာ တွေကို ယူကရိန်းစစ်ပွဲမှာ ထိရောက်စွာအသုံးပြုခဲ့တယ်လို့လည်း ဆိုပါ တယ်။
ယူကရိန်းစစ်ပွဲကြောင့်အနှောက်အယှက်ဖြစ်နေတဲ့ ထောက်ပံ့ရေးကွင်းဆက်ကိုကူညီဖို့အတွက် သြစတေးလျနိုင် ငံရဲ့ ပြည်တွင်းဒုံးကျည်ထုတ်လုပ်ရေးကို အကူအညီပေးသွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရက မကြာသေး ခင်ကပဲ ကြေညာခဲ့ပါတယ်။
“လက်ရှိအချိန်မှာ သြစတေးလျစွမ်းအားကို ဖြည့်ဆည်းဖို့အတွက် အဲဒီဒုံးကျည်တွေကို ကျွန်တော်တို့ ဝယ်ယူ သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ သြစတေးလျနိုင်ငံရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်နိုင်မှုစွမ်းရည် မြှင့်တင်ရေးက လည်း အရေးကြီးတာကြောင့် ပြည်တွင်းမှာထုတ်လုပ်နိုင်မယ့်နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ စဉ်းစားနေ ပါတယ်။” လို့ မစ္စတာကော်နွိုင်းက ပြောပါတယ်။
Ref: Australia to buy long-range missiles from US
#PeopleMedia