သြစတေးလျမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်လေသူရဲဟောင်းကို အမေရိကန်အစိုးရ ပြန်တောင်းနေ
PUBLISHED - May 13, 2024
နိုင်ငံတကာ၊ မေ ၁၃
တရုတ်လေသူရဲတွေကို လေယာဉ်တင်သင်္ဘောပေါ် အတက်/အဆင်း သင်ကြားပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စွပ်စွဲ ခံထားရတဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ လေသူရဲဟောင်းတစ်ဦးကို သြစတေးလျနိုင်ငံနေ မူရင်းတိုင်းပြည်ကို ပြန်ပို့ ပေးဖို့ တောင်းဆိုထားတဲ့အတွက် အဆိုပါလေသူရဲဟောင်းက စွဲချက်တွေကို ခုခံကာကွယ်နေရကြောင်း ၎င်းရဲ့ ရှေ့နေဖြစ်သူက ပြောကြားလိုက်ပါတယ်။
အခုလို အရေးကြီးတဲ့လျှို့ဝှက်သတင်းတွေကြောင့် ၎င်းရဲ့မိသားစုအတွက် အန္တရာယ်ရှိတယ်လို့ အနောက်နိုင်ငံ တွေက ထောက်လှမ်းရေးအဖွဲ့အစည်းတွေက ပြောကြားထားတဲ့အတွက် ဥပဒေအရ သြစတေးလျနိုင်ငံသားဖြစ် လာသူ အသက် ၅၅ နှစ်အရွယ် ဒန်နီရယ်လ်ဒတ်ဂန်ဟာ စိုးရိမ်ကြောက်ရွံ့နေကြောင်း ရှေ့နေက ပြောပါတယ်။
ဒန်နီရယ်လ်ဒတ်ဂန်ဟာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တရုတ်စစ်ဘက်ရေးရာဟက်ကာ ဆူဘင်နဲ့ ဆက်စပ်မှုရှိ နေကြောင်း ရှေ့နေရဲ့ အမှုတွဲထဲမှာ ဖော်ပြထားတာကို ရိုက်တာသတင်းဌာနက တွေ့ရှိခဲ့ပါတယ်။
အမေရိကန်လက်နက်ထိန်းချုပ်ရေးဥပဒေတွေကို ၎င်းအနေနဲ့ ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဒတ်ဂန် က ငြင်းဆိုခဲ့ပါတယ်။
ဒတ်ဂန်ဟာ တရုတ်နိုင်ငံ ဘေဂျင်းမှာ ခြောက်နှစ်ကြာအလုပ်လုပ်ပြီး သြစတေးလျကို ပြန်လာပြီးနောက် ၂၀၂၂ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး သြစတေးလျနိုင်ငံရဲ့ အမြင့်ဆုံးအကျဉ်းထောင်ထဲမှာ ထောင်ဒဏ်ကျခံနေရတာလို့ ဆိုပါ တယ်။
ဒတ်ဂန်ဟာ ဆူဘင်နဲ့ ဆက်စပ်မှုရှိကြောင်း ဆူဘင်ထံက သိမ်းဆည်းရမိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေထဲမှာ အမေရိကန်အာဏာပိုင်တွေက တွေ့ရှိခဲ့တယ်လို့ မတ်လအတွင်းက သြစတေးလျရှေ့နေချုပ် မာ့ခ်ဒရိုင်းဖက်စ်ကို တင်သွင်းတဲ့လျှောက်လဲချက်ထဲမှာ ဒတ်ဂန်ရဲ့ရှေ့နေ ဘန်းနာ့ဒ်ကော်လရီက ပြောပါတယ်။ ဒတ်ဂန်ရဲ့အမှုနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးပြီးနောက် ဒတ်ဂန်ကို အမေရိကန်ပြန်ပို့မပို့ ရှေ့နေချုပ် မာ့ခ်ဒရိုင်း ဖက်စ်က ဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒတ်ဂန်ကို သြစတေးလျနိုင်ငံ ကျေးလက်ဒေသမှာ ဖမ်းဆီးမိပြီး နှစ်နှစ်အကြာဖြစ်တဲ့ အခုလအတွင်းမှာ ဒီအမှုကို ဆစ်ဒနီမြို့မှာ ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ အဖမ်းခံခဲ့ရတဲ့ ဆူဘင်ကတော့ အမေရိကန် အဓိကစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ တွေကို ကြားဖြတ်ဝင်ရောက်ကြည့်ရှုပြီး အမေရိကန်စစ်လေယာဉ်တွေရဲ့ ဒီဇိုင်းတွေကို ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပါ တယ်။
ဆူဘင်ကိုလည်း မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့အတွက် တောင်းဆိုထားတဲ့ ဒတ်ဂန်အပါအဝင် ကြံရာပါ ခုနစ်ဦးစာရင်းထဲမှာ ထည့်ထားပါတယ်။
ဒတ်ဂန်ဟာ ဆူဘင်ကို တရုတ်လေကြောင်းကုမ္ပဏီ AVIC အတွက် အလုပ်ပွဲစားတစ်ဦးအဖြစ် သိထားတာဖြစ် ပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေကို ကြားဖြတ်ခိုးယူကြည့်ရှုမှုမှာ ၎င်းအမှုသည်နဲ့ လုံးဝသက် ဆိုင်မှုမရှိကြောင်း ရှေ့နေ ကော်လရီက ပြောပါတယ်။
ဆူဘင်အနေနဲ့ တရုတ်ထောက်လှမ်းရေးတွေနဲ့ မရိုးမသား ဆက်သွယ်မှုတွေရှိခဲ့နိုင်ပေမဲ့ အဲဒီလို ရှိခဲ့တာကို ၎င်း ရဲ့အမှုသည်က သိရှိခြင်းမရှိကြောင်း ရှေ့နေကော်လရီက ပြောပါတယ်။
AVIC ကုမ္ပဏီကို တရုတ်စစ်ဘက်ဆိုင်ရာကုမ္ပဏီအဖြစ် ပြီးခဲ့တဲ့နှစ်က အမေရိကန်အစိုးရက အမည်ပျက်စာရင်း သွင်းထားပါတယ်။
ဒတ်ဂန်အနေနဲ့ တရုတ်လေသူရဲတွေကို လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အထောက်အထား လုံးဝမရှိကြောင်းပြော ဆိုပြီး အမှုစွဲချက်မတင်မီ ၂၀၁၂ ခုနှစ်ကတည်းက ဒတ်ဂန်ဟာ သြစတေးလျနိုင်ငံသားဖြစ်နေတဲ့အတွက် မူရင်း နိုင်ငံ အမေရိကန်ကို ပြန်လည်ပို့ဆောင်ဖို့ ကိစ္စကို ၎င်းရဲ့ရှေ့နေတွေက ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ ဒတ်ဂန်ဟာ ၂၀၁၆ ခုနှစ် မတိုင်ခင်အထိ အမေရိကန်နိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ရသေးကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
Ref: Former US Marine pilot arrested in Australia worked with Chinese hacker unknowingly, lawyer says
#PeopleMedia