• Follow Us on

Home သြစတေးလျ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျှော့ချရေးစံနှုန်း ဖြည်းဖြည်းချင်းဆောင်ရွက်ဖို့ ထိုင်းဝန်ကြီး ချုပ် ပန်ကြား

သြစတေးလျ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျှော့ချရေးစံနှုန်း ဖြည်းဖြည်းချင်းဆောင်ရွက်ဖို့ ထိုင်းဝန်ကြီး ချုပ် ပန်ကြား

Share this post

နိုင်ငံတကာ၊ မတ် ၇

 

သြစတေးလျနိုင်ငံက ဆောင်ရွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျှော့ချရေးအစီအစဉ်ဟာ ထိုင်း နိုင်ငံရဲ့ကားတင်ပို့မှုလုပ်ငန်းကို ထိခိုက်နိုင်တဲ့အတွက် အဲဒီအစီအစဉ်ကို ဖြည်းဖြည်းချင်းသာဆောင်ရွက်ဖို့ သြ စတေးလျအစိုးရကို ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။

 

အင်္ဂါနေ့ (မတ်လ ၅ ရက်နေ့) က ကျင်းပခဲ့တဲ့ အာဆီယံ-သြစတေးလျ အစည်းအဝေးမှာ သြစတေးလျဝန်ကြီး ချုပ်အန်တိုနီအယ်လ်ဘားနီးစ်နဲ့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က အခုလို ပန်ကြားလိုက်တာဖြစ်တယ်လို့ဆိုပါ တယ်။

 

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျှော့ချရေးစံနှုန်းတွေသတ်မှတ်မထားတဲ့ ရုရှားလို နိုင်ငံမျိုးဖြစ်တဲ့ သြစ တေးလျနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအုပ်စု အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံဟာ သြစတေးလျနိုင်ငံကို နှစ်စဉ်ကားအစီးရေ ၂၀၀,၀၀၀ ကျော် တင်ပို့နေတဲ့နိုင်ငံဖြစ်ပြီး အခုချမှတ် လိုက်တဲ့မူဝါဒသစ်ဟာ ထိုင်းနိုင်ငံကတင်ပို့နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်အားကောင်းတဲ့ အမိုးဖွင့် ထရပ်ကားတွေအတွက် ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

 

အရှေ့တောင်အာရှရဲ့အကြီးမားဆုံးကားဈေးကွက်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံရဲ့နှစ်စဉ်ကားထုတ်လုပ်မှု ၂.၅ သန်းထဲက ၃၀% ကို ၂၀၃၀ ပြည့်နှစ်မတိုင်ခင်မှာ လျှပ်စစ်ကားထုတ်လုပ်ရေးဘက်ကို ပြောင်းရွှေ့ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။

 

ဒီပြဿနာကို မစ္စတာဆရက်ထာနဲ့ ဆွေးနွေးခဲ့တာမရှိကြာင်း၊ အစိုးရရဲ့အစီအစဉ်အရ စံနှုန်းသစ်ဟာ ၂၀၂၅ ခုနှစ်မှ စတင်မှာဖြစ်ကြောင်း သြစတေးလျဝန်ကြီးချုပ်မစ္စတာအယ်လ်ဘားနီးစ်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

“စက်မှုထွန်းကားတဲ့နိုင်ငံ နှစ်နိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျှော့ချရေးစံနှုန်းတွေ သတ်မှတ် မထားတာ နှစ်နိုင်ငံပဲရှိပါတယ်။ တစ်နိုင်ငံက သြစတေးလျနိုင်ငံဖြစ်ပြီး နောက်တစ်နိုင်ငံကတော့ ဗလာဒီမာပူ တင်ရဲ့ ရုရှားနိုင်ငံပဲဖြစ်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော်ကတော့ ရုရှားနိုင်ငံနဲ့အတူတူ စာမျက်နှာတစ်မျက်နှာတည်း မှာ ရေးထိုးမခံလိုပါဘူး။” လု့ိ ၎င်းက ပြောပါတယ်။

 

သြစတေးလျအတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီကတော့ အဲဒီ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျှော့ ချရေးစံနှုန်းအစီအစဉ်ကို ဆန့်ကျင်ပြီး အဲဒီအစီအစဉ်ကြောင့် ကားဈေးနှုန်းတွေမြင့်တက်လာနိုင်ပြီး သြစတေးလျ နိုင်ငံထဲမှာ ခေတ်စားနေတဲ့ ထရပ်ကား ဝယ်ယူသူတွေအတွက် ရွေးချယ်စရာအခွင့်အလမ်းတွေ နည်းပါးသွားနိုင် ကြောင်း ထောက်ပြကြပါတယ်။

 

Ref: Srettha seeks break on Australian car emissions standards

 

#PeopleMedia


Share this post