ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများက ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုများအား ကန့်ကွက်ရှုတ် ချပွဲပြုလုပ်

PUBLISHED - January 24, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီး နေမှုအား ကန့်ကွက်ရှုတ်ချပွဲကို ယမန်နေ့တွင် ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ ဆယ်ထပ်ကြီး ဘုရားဝန်းအတွင်း၌ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ဟင်္သာတမြို့ ဆယ်ထပ်ကြီး ဘုရားဝန်းစုရပ်၌ သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ် ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။
ဆက်လက်၍ ဆရာတော်များ၊ သီလရှင်များ လူပုဂ္ဂိုလ်များက ဘာသာသာသနာစော်ကားသည့်သူ ဒို့ရန်သူ-ဒို့ရန်သူ၊ ဘုရားဖြိုဖျက် အကြမ်းဖက် အလိုမရှိ-အလိုမရှိ၊ ဒို့တိုင်းပြည်ဖျက် အကြမ်းဖက် အလိုမရှိ-အလိုမရှိ၊ ပြည်ဖျက်မိစ္ဆာ သောင်းကျန်းသူများအား ဆန့်ကျင်ကြ-ဆန့်ကျင်ကြ၊ အကြမ်းဖက်အဖွဲ့များအား အမြစ်ပြတ် ချေမှုန်းရေး ဒို့အရေး-ဒို့အရေး စသည်တို့ကို ကြွေးကြော်ပြီး ဆယ်ထပ်ကြီးဘုရားဝန်းစုရပ်မှ ဦးကိုကိုလေးကုန်း-ရွှေစေတီလမ်း- ဗိုလ်စောမောင်လမ်း-လွတ်လပ်ရေး ကျောက်တိုင်-မန်းဘခိုင်လမ်း-အား/ကာတန်း-ဟင်္သာ အဝိုင်း-ကြည်ကြည်ဝင်းကွေ့-ဆင်းဧကရီလမ်း-မြစ်ကွေ့ ကျောင်းလမ်း- ဗိုလ်ချုပ်လမ်း- ပညာရေးလမ်းထောင့်မှ တစ်ဆင့် ရွှေစေတီလမ်းများအတိုင်း မြို့တွင်းသို့ စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ကန့်ကွက်ရှုတ်ချပွဲသို့ သံဃာ (၁၅၀) ပါးခန့်၊ သီလရှင် (၁၀၀) ပါးခန့်နှင့် လူပုဂ္ဂိုလ် (၄၅၀) ဦးခန့် စုစုပေါင်းအင်အား (၇၀၀) ဦး ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။
#PeopleMedia