ဟစ်ပန်းနစ်တွေ၊ လက်လုပ်လက်စားတွေရဲ့ထောက်ခံမှုနဲ့ ထရမ့် အာဏာပြန်ရလာခဲ့
PUBLISHED - November 7, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
ဒေါ်နယ်ထရမ့်ဟာ ဟစ်ပန်းနစ်တွေ၊ လူငယ်တွေနဲ့ ကောလိပ်/တက္ကသိုလ်က ဘွဲ့မရတဲ့ အမေရိကန်တွေရဲ့ မဲ တွေနဲ့ နောက်ထပ်တစ်ကြိမ် သမ္မတအာဏာပြန်လည်ရရှိလာပြီဖြစ်ပါတယ်။
ရီပတ်ဘလီကန်ပါတီ မဲဆွယ်ပွဲမှာ “အလုပ်သမားတွေကို နိုင်ငံတကာစီးပွားရေးပြိုင်ဆိုင်မှုတွေက ကာကွယ်ပေး မယ်၊ အလုပ်သမားတွေဆီက အခွန်ဖြတ်တောက်မှုတွေ လျှော့ချပေးမယ်” လို့ ဒေါ်နယ်ထရမ့်က ကတိပေးခဲ့ပြီး နောက် လက်လုပ်လက်စားမဲဆန္ဒရှင်များနဲ့ လူဖြူမဟုတ်တဲ့ အမေရိကန်တွေက ပြည်နယ်တိုင်းနီးပါးမှာ ထရမ့်ကို မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဂျိုးဘိုင်ဒန်ကို ရှုံးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဟစ်ပန်းနစ် (စပိန်၊ စပိန်စကားပြော အလယ်အမေရိက နဲ့တောင်အမေရိကနိုင်ငံကလာရောက်သူများ) တွေရဲ့ထောက်ခံမှု ၃၂% ရခဲ့ပေမဲ့ လက်ရှိအချိန်မှာ ၄၆% အထိ ရရှိခဲ့တယ်လို့ အက်ဒီဆင် သုတေသနအဖွဲ့က ပြောပါတယ်။
အစဉ်အလာအားဖြင့် ဟစ်ပန်းနစ်တွေဟာ ဒီမိုကရက်တွေကို နှစ်ပေါင်းများစွာ မဲပေးခဲ့ကြတဲ့သူတွေဖြစ်ပေမဲ့ အခုနှစ်ရွေးကောက်ပွဲမှာတော့ ရီပတ်ဘီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထရမ့်ရရှိခဲ့တဲ့ ထောက်ခံမဲဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကနေ ပြန်ကြည့်ရင် အမြင့်ဆုံးထောက်ခံမှုရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
၂၀၀၄ ခုနှစ်မှာ ရီပတ်ဘလီကန်က ဂျော့ချ်ဒဗလျူဘုရှ် ရရှိခဲ့တဲ့ ဟစ်ပန်းနစ်တွေရဲ့ ထောက်ခံမှုဟာ ၄၄% သာရှိ တဲ့အတွက် အခုနှစ်မှာ ၄၆% အထိ ရရှိခဲ့တဲ့ ထရမ့်ဟာ ဘုရှ်ထက်ကျော်လွန်သွားတယ်လို့ American Enterprise Institute ရဲ့ သတင်းအချက်အလက်တွေအရ သိရကြောင်း ကွန်ဆာဗေးတစ် အကြံပေးပညာရှင် အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
မဲပေးနိုင်တဲ့အမေရိကန်တွေထဲမှာ ဟစ်ပန်းနစ်တွေ ၂၀% ကျော် နေထိုင်တဲ့ကောင်တီတွေမှာ ၂၀၂၀ ပြည့်နှစ်က ဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဒီမိုကရက်တစ် ဒုတိယသမ္မတ ကမ္မလာဟားရစ်နဲ့ ယှဉ်ပြိုင်ရတဲ့ ထရမ့်ရဲ့ အသာရတဲ့ပမာဏက ၁၃ မှတ် ရှိတယ်လို့ဆိုပါတယ်။
“ဟစ်ပန်းနစ်လူငယ်တွေက ဒီမိုကရက်တွေကို နှစ်ပေါင်း ၅၀ မဲပေးလာကြတဲ့ သူတို့ဘိုးဘွားတွေ ခြေရာကို လိုက်မနင်းကြတော့ဘူး။” လို့ ၂၀၂၀ ပြည့်နှစ် ထရမ့်မဲဆွယ်ပွဲတုန်းက ဟစ်ပန်းနစ်တွေကူညီရေးဆောင်ရွက်ခဲ့ တဲ့ ရီပတ်ဘလီကန် မီဒီယာမဟာဗျူဟာရေးဆွဲသူ ဂျီယန်ကာလိုဆိုပိုက ပြောပါတယ်။
အခုအချိန်မှာတော့ ထရမ့်ဟာ လွန်ခဲ့တဲ့လေးနှစ်က ၎င်းရရှိခဲ့တဲ့ ၃၆% ထက်ကျော်လွန်ပြီး ၁၉ မှတ်ရရှိကာ ဟစ်ပန်းနစ်အမျိုးသားတွေရဲ့ထောက်ခံမှုကို ၅၅% ရရှိခဲ့သလို ၂၀၂၀ ပြည့်နှစ်ကထက် ၈ မှတ် ကျော်လွန်တဲ့ ဟစ်ပန်းနစ်အမျိုးသမီးတွေနဲ့ ထောက်ခံမှုကို ၃၈% ရရှိခဲ့ပါတယ်။
Ref: Trump’s Return to Power Fueled by Hispanic, Working-Class Voter Support
#PeopleMedia