• Follow Us on
Latest News

Home ဟစ်ဘိုလာတွေက သင်္ဘောဖျက်ဒုံးကျည်တွေပိုင်ဆိုင်ထားလို့ အမေရိကန်ရေတပ်ကို ခြိမ်းခြောက်နိုင်ဟုဆို

ဟစ်ဘိုလာတွေက သင်္ဘောဖျက်ဒုံးကျည်တွေပိုင်ဆိုင်ထားလို့ အမေရိကန်ရေတပ်ကို ခြိမ်းခြောက်နိုင်ဟုဆို

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉

 

ရုရှားထုတ် သင်္ဘောဖျက်ဒုံးကျည်တွေကို ပိုင်ဆိုင်ထားတဲ့ ဟစ်ဘိုလာအဖွဲ့ဟာ အမေရိကန်စစ်သင်္ဘောတွေကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့အပြင် ဘယ်လိုဒေသတွင်းစစ်ပွဲမျိုးအတွက်မဆို အန္တရာယ်ပေးနိုင်စွမ်းရှိကြောင်း လက် နက်စနစ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ကတည်းက ဒေသတွင်းမှာတပ်ဖြန့်ချထားတဲ့ အမေရိကန်စစ်သင်္ဘောကို တိုက် ခိုက်ဖို့အတွက် လက်နက်တွေကို သိမ်းဆည်းထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဟစ်ဘိုလာ ခေါင်း ဆောင် ဆေယက်ဟက်ဆန်နက်ရာလာက အမေရိကန်အစိုးရကို သတိပေးခဲ့ပါတယ်။

 

ဟစ်ဘိုလာတွေထံမှာ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အထိပစ်ခတ်နိုင်တဲ့ ရုရှားထုတ် Yakhont ဒုံးကျည်အပါအ ဝင် သင်္ဘောဖျက်ဒုံးကျည်တွေ အများအပြား သိုလှောင်ထားကြောင်း အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ အဲဒီအဖွဲ့ နဲ့နီးစပ်တဲ့ လက်ဘနွန်နိုင်ငံက သတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။

 

ဟစ်ဘိုလာတွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ပြည်တွင်းစစ်တိုက်နေရတဲ့ ဆီးရီးယားသမ္မတဘရှားအယ် အာဆတ်ကို ဝင်ရောက်ကူညီခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံကနေ Yakhont ဒုံးကျည်တွေ ရရှိခဲ့တာဖြစ်ကြောင်း မီဒီယာတွေနဲ့ ဆန်းစစ်လေ့လာသူတွေက ပြောနေတာကြာပြီဖြစ်ပါတယ်။

 

ဟစ်ဘိုလာဘက်ကတော့ အဲဒီဒုံးကျည်တွေ ပိုင်ဆိုင်ထားကြောင်း တစ်ခါမှ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာမရှိ ပါဘူး။

 

အမေရိကန်အစိုးရကတော့ ၎င်းတို့အနေနဲ့ ဟားမတ်စ်၊ ဟစ်ဘိုလာနဲ့ ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ တွေကို ထောက်ပံ့ပေးထားတဲ့ အီရန်နိုင်ငံ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခထဲပါဝင်လာမှာကို ဟန့်တားကာကွယ်ဖို့ အတွက် လေယာဉ်တင်သင်္ဘောအုပ်စု နှစ်စုနဲ့ အထောက်အကူသင်္ဘောတွေပါဝင်တဲ့ မြေထဲပင်လယ်ဒေသရေ တပ်အုပ်စုကို ဒေသတွင်းမှာတပ်ဖြန့်ချထားတာဖြစ်ကြောင်း ပြောပါတယ်။

 

အမေရိကန်စစ်သင်္ဘောတွေဟာ ၎င်းတို့အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေကို ပစ်ခတ်နိုင်စွမ်းရှိတဲ့အတွက် အဲ ဒီစစ်သ င်္ဘောတွေဟာ တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ရပ်လို့ မှတ်ယူထားပါတယ်။ မြေထဲပင်လယ်ဒေသမှာရှိနေတဲ့ အမေရိကန်စစ်သင်္ဘောတွေဟာ ၎င်းတို့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိကြောင်း၊ ခြိမ်းခြောက်မှာ မဟုတ်ကြောင်း သောကြာနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ နက်ရာလာက ပြောပါတယ်။

 

“ကျွန်တော်တို့ကို ခြိမ်းခြောက်လာမယ့် စစ်သင်္ဘောတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဟစ်ဘိုလာအဖွဲ့အနေနဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲကို အသုံးမချဖို့လိုကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုဖြစ်ပွားနေတဲ့စစ်ပွဲ လက်ဘနွန်နိုင်ငံထဲအထိ ကူးစက်လာမှာကို မလိုလားကြောင်း နက်ရာလာရဲ့မိန့်ခွန်းပြော ဆိုအပြီးမှာ အိမ်ဖြူတော်က ပြောပါတယ်။

 

Ref: Hezbollah’s Anti-Ship Missiles Bolster Its Threat to US Navy

 

#PeopleMedia


Share this post