• Follow Us on

Home ဟစ်ဘိုလာတွေဆီမှာ အစ္စရေးကို ချိန်ရွယ်ထားတဲ့ ရော့ကက်/ ဒုံးကျည်ပေါင်း ၂၀၀,၀၀၀ ဝန်းကျင်အထိ ရှိကြောင်း INSS ပြော

ဟစ်ဘိုလာတွေဆီမှာ အစ္စရေးကို ချိန်ရွယ်ထားတဲ့ ရော့ကက်/ ဒုံးကျည်ပေါင်း ၂၀၀,၀၀၀ ဝန်းကျင်အထိ ရှိကြောင်း INSS ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၄

 

လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေး အမျိုးသားလုံခြုံရေးလေ့လာရေးအင်စတီကျု (the Institute for National Security Studies-INSS) က ဟစ်ဘိုလာတွေရဲ့ ရော့ကက်နဲ့ ဒုံးကျည်တွေစုစည်းထားရှိမှု ဆန်း စစ်လေ့လာချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

“ဟစ်ဘိုလာဆိုတာ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖျက်အားပြင်းလက်နက်တွေ အ များအပြားပိုင်ဆိုင်ထားပါတယ်။ ဟစ်ဘိုလာအဖွဲ့မှာ အမြဲတမ်းတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်တွေရှိသ လို အရန်စစ်သားတွေလည်းရှိပါတယ်။ အင်အားကတော့ ၅၀၀၀၀ ကနေ ၁၀၀၀၀၀ ဝန်းကျင်အထိရှိပါတယ်။ ဒါ့အ ပြင် အထူးလေ့ကျင့်ထားတဲ့ ရက်ဒ်ဝန်တပ်ဖွဲ့ခေါ် ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေရှိပြီး ဆီးရီးယားစစ်ပွဲအတွေ့အကြုံရှိတဲ့ အဲဒီကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ အင်အား ၂၅၀၀ ကျော်လောက်ရှိပါတယ်။” လို့ အဲဒီဆန်းစစ်လေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

“ဒါ့အပြင် ဟစ်ဘိုလာတွေဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့လို အိမ်နီးချင်းနိုင်ငံ တွေအပါအဝင် ရှီရိုက်တက်ကြွလှုပ်ရှားသူတွေထံကလည်း အကူအညီအထောက်အပံ့တွေရရှိနေပါတယ်။” လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဟစ်ဘိုလာတွေဟာ ပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ ဒုံးကျည်ပေါင်းများစွာအပါအဝင် ရော့ကက်၊ စက်သေ နတ်၊ ဒုံးကျည်ပေါင်း ၁၅၀,၀၀၀ နဲ့ ၂၀၀,၀၀၀ ကြားကိုလည်း စုဆောင်းထားရှိထားပြီးသားဖြစ်လို့ ရန်သူကို ကောင်းကောင်းချေမှုန်းတိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ အစီရင်ခံစာက ပြောပါတယ်။

 

ဟစ်ဘိုလာနဲ့ စစ်ပွဲဖြစ်ပွားခဲ့ရင် အရပ်သားတွေနဲ့ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦတွေကို ကာကွယ်ဖို့ အ တွက် တန်ပြန်တိုက်ခိုက်ရေးနည်းစနစ်တွေ အသုံးပြုဖို့လိုအပ်လာလိမ့်မယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

 

စုဆောင်းရရှိထားတဲ့သတင်းအချက်အလက်တွေအရ ဟစ်ဘိုလာတွေဆီမှာ (ကီလိုမီတာ ၁၅-၂၀ အထိပစ်ခတ် နိုင်တဲ့) တာတိုပစ်ရော့ကက် အစင်းရေ ၄၀၀၀၀၊ Fajr 3 နဲ့ Fajr 5 တို့လို တာလတ်ပစ်ရော့ကက် အစင်းရေ ၈၀၀၀၀ ဝန်းကျင်နဲ့ (ကီလိုမီတာ ၂၀၀-၃၀၀ အထိပစ်ခတ်နိုင်တဲ့) တာဝေးပစ် ရော့ကက်/ဒုံးကျည် အစင်းရေ ၃၀၀၀၀ ဝန်းကျင် ရှိနေကြောင်း သိရပါတယ်။

 

ဒါ့အပြင် ဟစ်ဘိုလာအဖွဲ့ဟာ ဆီးရီးယားနိုင်ငံကနေ ကီလိုမီတာ ၇၀၀ အထိ ပစ်ခတ်နိုင်တဲ့ စကတ်ဒုံးကျည် C နဲ့ စကတ်ဒုံးကျည် D အမျိုးအစားတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

 

ဒါတင်မကဘဲ ဟစ်ဘိုလာတွေဆီမှာ GPS အခြေခံလမ်းကြောင်းရှာစနစ်ကိုတပ်ဆင်ထားပြီး ကီလိုဂရမ် ၅၀၀ ဝန်းကျင်အလေးချိန်ကိုသယ်ဆောင်နိုင်တဲ့ ဖျက်အားပြင်း Fatah 110 ဒုံးကျည်ထိပ်ဖူး လေးငါးရာအထိ ရှိတယ် လို့လည်း INSS အစီရင်ခံစာက ပြောပါတယ်။

 

ဟစ်ဘိုလာအဖွဲ့ဟာ တရုတ်နိုင်ငံထုတ် မြေပြင်-ဝေဟင်ပစ် C802 အဆင့်မြင့်ဒုံးကျည်တွေနဲ့ ရုရှားထုတ် Yakhont ဒုံးကျည်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 

ဟစ်ဘိုလာတွေဆီမှာ တင့်ကားနဲ့ သံချပ်ကာယာဉ်တွေကို ပစ်ခတ်ဖျက်ဆီးနိုင်တဲ့ “Cornet” တင့်ဖျက်ဒုံးကျည် တွေကို ပိုင်ဆိုင်ထားသလို စစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေကို ပစ်ခတ်နိုင်တဲ့ SA-17 နဲ့ SA-22 လေေ ကြာင်းရန်ကာကွယ်ရေးလက်နက်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 

ဟစ်ဘိုလာတွေဆီမှာ ကီလိုမီတာ ၄၀၀ အကွာအဝေးအထိ ပျံသန်းပြီး တိုက်ခိုက်ရေးတာဝန်တွေနဲ့ ထောက် လှမ်းရေးတာဝန်တွေထမ်းဆောင်နိုင်တဲ့ မောင်းသူမဲ့လေယာဉ်အများအပြားကိုလည်း ပိုင်ဆိုင်ထားသလို အဲဒီ လေယာဉ်အများစုကိုလည်း ကိုယ်တိုင်ထုတ်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Hezbollah has up to 200,000 rockets aimed at Israel, INSS assesses

 

#PeopleMedia


Share this post