• Follow Us on
Latest News

Home ဟစ်ဘိုလာတွေ ထိုင်ဝမ်ကမှာယူခဲ့တဲ့ ပေဂျာတွေထဲမှာ အစ္စရေးထောက်လှမ်းရေးက အသေးစားဖောက်ခွဲရေး ပစ္စည်းတွေ ထည့်သွင်းမြှုပ်နှံခဲ့

ဟစ်ဘိုလာတွေ ထိုင်ဝမ်ကမှာယူခဲ့တဲ့ ပေဂျာတွေထဲမှာ အစ္စရေးထောက်လှမ်းရေးက အသေးစားဖောက်ခွဲရေး ပစ္စည်းတွေ ထည့်သွင်းမြှုပ်နှံခဲ့

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈

 

အစ္စရေးမော့ဆက်ထောက်လှမ်းရေးအဖွဲ့ဟာ ဟစ်ဘိုလာအဖွဲ့က မှာယူထားတဲ့ ထိုင်ဝမ်နိုင်ငံထုတ် ပေဂျာ (pager – အသေးစားအီလက်ထရောနစ်ဆက်သွယ်ရေးကိရိယာ) ၅၀၀၀ ရဲ့အတွင်းပိုင်းမှာ အသေးစားပေါက် ကွဲစေတတ်တဲ့ပစ္စည်းတွေ ထည့်သွင်းထားခဲ့ကြောင်း ဟစ်ဘိုလာထိပ်တန်းသတင်းရင်းမြစ်တစ်ဦးနဲ့ တခြား သ တင်းရင်းမြစ်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

လက်ဘနွန်နိုင်ငံတွင်းမှာ အင်္ဂါနေ့ (စက်တင်ဘာ ၁၇ ရက်နေ့) က ဟစ်ဘိုလာထောင်ပေါင်းများစွာသုံးစွဲနေတဲ့ ပေဂျာတွေ မမျှော်လင့်ဘဲ တပြိုင်တည်း ပေါက်ကွဲခဲ့ပြီး ဟစ်ဘိုလာတိုက်ခိုက်ရေးသမားတွေနဲ့ ဘေရွတ်မှာ ရောက်ရှိနေတဲ့ အီရန်သံတမန်တစ်ဦး အပါအဝင် လူ ၉ ဦးသေဆုံးကာ ၃၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

 

ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးဘက်က ဘာမှမပြောပေမဲ့ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟစ်ဘိုလာ အဖွဲ့ကတော့ အစ္စရေးကို တန်ပြန်လက်စားချေတိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

 

ဒီလျှို့ဝှက်ကြံစည်မှုဟာ လပေါင်းများစွာအချိန်ယူပြီး ဆောင်ရွက်ခဲ့ပုံရကြောင်း သတင်းရင်းမြစ် လေးငါးဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ဟစ်ဘိုလာအဖွဲ့ဟာ ထိုင်ဝမ်အခြေစိုက် Gold Apollo ကုမ္ပဏီကထုတ်လုပ်တဲ့ beeper (ပေဂျာ) ၅၀၀၀ ကို မှာ ယူခဲ့ရာ အခုနှစ်အစောပိုင်းက ဘက်ဘနွန်ကိုရောက်ရှိလာတာဖြစ်ကြောင်း ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

 

အခုမှာယူထားတဲ့ AP924 ပေဂျာဟာ တခြားပေဂျာတွေလိုပဲ text messages (စာရေးသားပေးပို့ဆက်သွယ် ခြင်း) ဆက်သွယ်လို့ရပေမဲ့ တယ်လီဖုန်းခေါ်ဆိုလို့မရဘူးလို့ လက်ဘနွန်ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။

 

ဟစ်ဘိုလာတွေဟာ အစ္စရေးတွေရဲ့ တပ်တည်ရှာဖွေမှုကနေ ရှောင်ရှားဖို့အတွက် အနိမ့်စားဆက်သွယ်ရေးနည်း ပညာတစ်ခုကို အသုံးပြုတဲ့အနေနဲ့ ဒီပေဂျာတွေကို အသုံးပြုနေတာဖြစ်ကြောင်း ဟစ်ဘိုလာနဲ့ နီးစပ်တဲ့သတင်း ရင်းမြစ်နှစ်ခုက ပြောပါတယ်။

 

ဒါပေမဲ့ အဲဒီပေဂျာတွေ ထုတ်လုပ်နေဆဲအဆင့်မှာပဲ အစ္စရေးထောက်လှမ်းရေးအဖွဲ့က ပြန်လည်ပြုပြင်ပြောင်းလဲ လိုက်ကြောင်း ဟစ်ဘိုလာထိပ်တန်းသတင်းရင်းမြစ်က ပြောပါတယ်။

 

“မော့ဆက်ထောက်လှမ်းရေးအဖွဲ့ဟာ လျှို့ဝှက်ကုတ်တစ်ခုရတာနဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းလေးတစ်ခုကို အဲဒီပေဂျာတွေထဲမှာ ထည့်သွင်းမြှုပ်နှံလိုက်ပါတယ်။ အဲဒီပစ္စည်းက သေးလွန်းပြီး ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ရှာဖွေဖို့ ခက်ခဲပါတယ်။ စကင်ဖတ်ကြည့်လို့တောင် မရပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

အစ္စရေးဘက်က လျှို့ဝှက်ကုတ်တစ်ခုပို့လိုက်တာနဲ့ ပေဂျာ ၃၀၀၀ ဟာ တပြိုင်တည်း ပေါက်ကွဲသွားခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

 

ပေဂျာအသစ်တွေမှာ သုံးဂရမ်အလေးချိန်ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ထည့်သွင်းမြှုပ်နှံထားပြီး အဲဒီပစ္စည်း တွေကို လပေါင်းများစွာကြာအောင် ဟစ်ဘိုလာအဖွဲ့တွေက မဖော်ထုတ်နိုင်ခဲ့ဘူးလို့ တခြားသတင်းရင်းမြစ်တစ် ဦးကလည်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

အစ္စရေးအစိုးရကရော Gold Apollo ကုမ္ပဏီကရော ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေ ဆိုခြင်းမရှိသေးပါဘူး။

 

Ref: Israel planted explosives in Hezbollah’s Taiwan-made pagers, say sources

 

#PeopleMedia


Share this post