• Follow Us on
Latest News

Home ဟစ်ဘိုလာလက်ကိုင်ရေဒီယိုတွေကနေ ထပ်မံပေါက်ကွဲမှုဖြစ်ပွား၊ နောက်ထပ် ၂၀ ကျော်သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရ

ဟစ်ဘိုလာလက်ကိုင်ရေဒီယိုတွေကနေ ထပ်မံပေါက်ကွဲမှုဖြစ်ပွား၊ နောက်ထပ် ၂၀ ကျော်သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

 

ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုကိုင်ဆောင်တဲ့ ပေဂျာတွေ ပေါက်ကွဲမှုဖြစ်ပွားပြီး နောက်ရက်မှာပဲ လက်ဘနွန် နိုင်ငံတောင်ပိုင်းမှာ ဟစ်ဘိုလာ အုပ်စုဝင်တွေ ကိုင်ဆောင်တဲ့ လက်ကိုင်ရေဒီယိုတွေ ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ ပါတယ်။

 

အင်္ဂါနေ့က ပေဂျာတွေပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးသူငယ်နှစ်ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ထပ် မံမြင့်တက်လာပြီး ဒဏ်ရာရသူ ၃၀၀၀ ဝန်းကျင်ရှိခဲ့သလို ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၈ ရက်နေ့) က ဘေရွတ် ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ဘီကာတောင်ကြားမှာ ထပ်မံဖြစ်ပွားတဲ့ဖြစ်စဉ်ကြောင့် လူဦးရေ ၂၀ သေဆုံးသွားပြီး ၄၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

ပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အစ္စရေးအာဏာပိုင်တွေက ဘာမှမပြောပေမဲ့ လုံခြုံရေးသတင်းရင်းမြစ် တွေကတော့ ဒီဖြစ်စဉ်တွေကို မော့ဆက်ထောက်လှမ်းရေးအဖွဲ့က ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

 

ဒီအဖြစ်အပျက်ဟာ ဟစ်ဘိုလာအဖွဲ့သမိုင်းမှာ အကြီးမားဆုံး လုံခြုံရေးစည်း ကျိုးပေါက်သွားတာဖြစ်ကြောင်း ဟစ်ဘိုလာအရာရှိတစ်ဦးက ပြောပါတယ်။

 

၁၁ လကြာ ဂါဇာစစ်ပွဲကာလအတွင်း အစ္စရေးတပ်တွေက လက်ဘနွန်နိုင်ငံ ဟစ်ဘိုလာဘက်ကို မြားဦးလှည့်ဖို့ ပြင်ဆင်နေတဲ့အတွက် ဒေသတွင်း စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

 

“ကျွန်တော်တို့ စစ်ပွဲစာမျက်နှာသစ် ဖွင့်လှစ်ပါတော့မယ်။ ဒါ့ကြောင့် အဲဒီစစ်ပွဲအတွက် သတ္တိရှိဖု့ိ၊ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားဖို့၊ ဇွဲလုံလဝီရိယရှိဖို့ လိုပါတယ်။” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီါ် ယူအက်ဂါးလန့်က လေတပ် စခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

အစ္စရေးနိုင်ငံဟာ စစ်မျက်နှာအများအပြားမှာ အန္တရာယ်ရှိတဲ့ တင်းမာမှုတွေ ဖြစ်ပွားလာအောင်လုပ်နေခြင်းအား ဖြင့် အရှေ့အလယ်ပိုင်းဒေသကို စစ်ပွဲကြီးတစ်ခုထဲရောက်သွားအောင် တွန်းပို့နေတယ်လို့ ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးအေမန်ဆာဖာဒီက ပြောပါတယ်။

 

ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဘာမှပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားတဲ့ အမေရိကန်နိုင်ငံကတော့ ပဋိပက္ခ အရှိန်မြင့်မတက်လာအောင် ကာကွယ်ဖို့အတွက် သံတမန်နည်းလမ်းနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါ တယ်။

 

အစ္စရေးက ၎င်းတို့အနေနဲ့ လက်ဘနွန်မှာ တစ်ခုခုလုပ်တော့မယ်လို့ အမေရိကန်အစိုးရကို အင်္ဂါနေ့က ပြော ကြားခဲ့ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ ဘာလုပ်မယ်ဆိုတာ အသေးစိတ်ပြောကြားခြင်းမရှိတဲ့အတွက် အခုလို တကယ်ဖြစ်ပွားလာတဲ့အချိန်မှာ အမေရိကန်အစိုးရအနေနဲ့ အံ့သြရကြောင်း အဆိုပါအရာရှိက ပြောပါတယ်။

 

Ref: Hezbollah devices explode again in Lebanon, raising fears of wider Israel conflict

 

#PeopleMedia


Share this post