• Follow Us on

Home ဟာဆီနာပြုတ်ကျတဲ့ကိစ္စ ပါဝင်ပတ်သက်ခြင်းလုံးဝမရှိကြောင်း အမေရိကန်ပြော

ဟာဆီနာပြုတ်ကျတဲ့ကိစ္စ ပါဝင်ပတ်သက်ခြင်းလုံးဝမရှိကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၄

 

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ အဖြတ်ချခံရ တဲ့ကိစ္စမှာ အမေရိကန်ပြည်ထောင်စုက ပါဝင်ပတ်သက်မှုမရှိဘဲ အမေရိကန်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ် စွဲချက်ဟာ သတင်းမှားသာဖြစ်ကြောင်း အိမ်ဖြူတော်က တနင်္လာနေ့ (သြဂုတ်လ ၁၂ ရက်နေ့) က ပြောပါတယ်။

 

“ကျွန်မတို့နိုင်ငံအနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှုမရှိပါဘူး။ ဒီကိစ္စမှာ အမေရိကန်ပြည်ထောင်စု ပါဝင်ပတ်သက်နေ တယ်ဆိုတဲ့သတင်းတွေဟာ သတင်းမှားတွေသာဖြစ်ပါတယ်။” လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ကရိန်းယွန်းပီး ယားက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

 

ဒီကိစ္စမှာ အမေရိကန်ပါဝင်ပတ်သက်နေသလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ၎င်းက ပြန်လည် ဖြေကြားရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံဟာ ဘင်္ဂလားပင်လယ်အော်ထဲက စိန့်မာတင်ကျွန်းကို လိုချင်တဲ့အတွက် ၎င်းကို ဖြုတ်ချတဲ့အ ထဲမှာ အမေရိကန်စနက်ပါဝင်တယ်လို့ ဟာဆီနာက စွပ်စွဲခဲ့ကြောင်း အိန္ဒိယသတင်းစာ Economic Times မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

 

သတင်းထဲမှာ ဟာဆီနာက ၎င်းနဲ့ အရင်းနှီးဆုံးလူတွေကို အဲဒီလိုပြောခဲ့တယ်လို့ ဖော်ပြထားပေမဲ့ ဟာဆီနာရဲ့ သားဖြစ်သူ ဆာဂျိဝါဇက်ဒ်ကတော့ ၎င်းရဲ့မိခင်ဖြစ်သူက အဲဒီလိုစကားမျိုး ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 

“ဘင်္ဂလားဒေ့ရှ်ရဲ့အနာဂတ်ကို ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ကျွန်မတို့ယုံကြည်ပါ တယ်။ ဒါဟာ ကျွန်မတို့ရဲ့ ရပ်တည်ချက်ပါပဲ။” လို့ အိမ်ဖြူတော်က ပြောပါတယ်။

 

ရွေးကောက်ပွဲကျင်းပဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ဦးဆောင်တဲ့ ကြား ဖြတ်အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်အကိုင်အခွင့်အလမ်း ရာခိုင်နှုန်းအများအပြားကို လွတ်လပ်ရေးတိုက်ပွဲဝင် စစ်မှုထမ်းဟောင်းသားသမီးတွေကို ခွဲတမ်းချပေးခဲ့တဲ့ အစိုးရမူဝါဒကို မကျေနပ်ရာကနေ ကျောင်းသားတွေ ဦး ဆောင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟာဆီနာ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့အတွက် တ ဖြည်းဖြည်း ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

 

ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှုတေါ ဆိုးဆိုးရွားရွားဖြစ်ပွားလာပြီးနောက် ရှိတ်ဟာဆီနာဟာ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ရပါတယ်။

 

ရှိတ်ဟာဆီနာဟာ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး စတုတ္ထအကြိမ် ရွေးကောက်ခံရပေ မဲ့ အတိုက်အခံတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောပါတယ်။

 

Ref: US Says It Had No Role in Ousting of Bangladesh’s Hasina

 

#PeopleMedia


Share this post