ဟာပွန်ဒုံးကျည် အစုံ ၁၀၀ ဝယ်ယူရန် ထိုင်ဝမ်ကို အမေရိကန်တိုက်တွန်း

PUBLISHED - September 14, 2021
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄ (People Media)
အမေရိကန်အာဏာပိုင်များက ထိုင်ဝမ်နိုင်အား အမေရိကန်နိုင်ငံထုတ် ဟာပွန်ဒုံးကျည် အစုံ ၁၀၀ ဝယ်ယူရန် အ ကြံပေးတိုက်တွန်းလျက်ရှိကြောင်း ထိုင်ဝမ်နိုင်ငံ၏ သြဂုတ်လ ၁၂ ရက်နေ့ထုတ် United Daily News တွင်ဖော် ပြထားသည်။
ဟာပွန်ဒုံးကျည် အစုံ ၁၀၀ ဝယ်ယူမည်ဆိုပါက ထိုင်ဝမ်ရေတပ်ဘတ်ဂျက်ကို ကျော်လွန်သွားမည်ဖြစ်ကြောင်း မီဒီယာများတွင်ဖော်ပြထားကြသည်။ ကနဦးအစီအစဉ်အရ ဒုံးကျည် ၃၂ စုံ ဝယ်ယူခွင့်ရရှိရန် ရေတပ်က ထိုင် ဝမ်လွှတ်တော်ထံ တင်ပြတောင်းဆိုထားပြီး နောက်ထပ် ဒုံးကျည် ၆၈ စုံကို ထပ်မံဝယ်ယူရန်စဉ်းစားမည်ဖြစ် ကြောင်းသိရသည်။
ဟာပွန်ဒုံးကျည် အစုံ ၁၀၀ ဝယ်ယူရန် အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်အစိုးရကို အလောတကြီးတိုက်တွန်း ခြင်းမှာ အဆိုပါလက်နက်များဝယ်ယူရန်အတွက် ထိုင်ဝမ်ရေတပ်အနေဖြင့် ထိုင်ဝမ်ဒေါ်လာ ၈၆.၆ ဘီလျံ (အမေ ရိကန်ဒေါ်လာ ၃.၁ ဘီလျံ) သုံးစွဲခွင့်ပြုရန် လွှတ်တော်သို့တင်ပြတောင်းခံရန် ဖိအားပေးခံရခြင်းဖြစ်သည်။
ယင်းလက်နက်များမဝယ်ယူမီ ထိုင်ဝမ်ရေတပ်သည် တွေ့ကြုံလာရနိုင်သည့်ခြိမ်းခြောက်မှုများကို အသေးစိတ် ဆန်းစစ်လေ့လာနေပြီး ထိုင်ဝမ်နိုင်ငံ၏အခြားတပ်ဖွဲ့များနှင့် ဆက်သွယ်နေကြောင်း ထိုင်ဝမ်ရေတပ်ကပြော သည်။
အဆိုပါဒုံးကျည်များမှာ ထိုင်ဝမ်တပ်မတော်၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ဘက်စုံသုံးနိုင်သော လက်နက် များဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ၏ လက်ရှိကာကွယ်ရေးမဟာဗျူဟာနှင့် သဟဇာတဖြစ်ကြောင်း ထိုင်ဝမ်ရေတပ်ကပြော သည်။ အဆိုပါလက်နက်များဝယ်ယူနိုင်ရန်အတွက် လူထုထောက်ခံမှုရရှိရန် ထိုင်ဝမ်ရေတပ်က တောင်းဆိုထား ကြောင်းသိရသည်။
Ref: US “strongly advises” Taiwan to purchase 100 Harpoon missiles
#PeopleMedia
(unicode)
………………………………………………………………
Ref: US “strongly advises” Taiwan to purchase 100 Harpoon missiles
#PeopleMedia