• Follow Us on
Latest News

Home ဟားခါးမြို့တွင် ခရိုင်စစ်မှုထမ်းဟောင်း အတွင်းရေးမှူးနှင့် ရွေးကော်ရုံး ညွှန်ကြားရေးမှူးကို CNF/ PDF က ဖမ်းဆီးထား၊ လက်ရှိအချိန်ထိ အဆက်အသွယ်မရသေး

ဟားခါးမြို့တွင် ခရိုင်စစ်မှုထမ်းဟောင်း အတွင်းရေးမှူးနှင့် ရွေးကော်ရုံး ညွှန်ကြားရေးမှူးကို CNF/ PDF က ဖမ်းဆီးထား၊ လက်ရှိအချိန်ထိ အဆက်အသွယ်မရသေး

Share this post

နေပြည်တော်၊ ဇွန် ၇

 

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ခရိုင်စစ်မှုထမ်းဟောင်း အတွင်းရေးမှူးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး တို့ကို စစ်သွေးကြွ CNF/PDF အဖွဲ့က ဖမ်းဆီးထားသည်။

 

ဖြစ်စဉ်မှာ ဧပြီ (၂၂)ရက်၊ ညနေ (၄)နာရီခန့်က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ် ခရိုင်စစ်မှုထမ်းဟောင်း အတွင်ရေးမှူးလည်းဖြစ်သူ ဦးမြင့်စိန်သည် နေအိမ်တွင် ရှိနေစဉ် CNF/PDF အဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးသွားသည်။

 

အလားတူ မေလ (၂၈)ရက် နံနက် (၁၀)နာရီခန့်ကပြည်နယ်စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌလည်းဖြစ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဦးလင်းကျော်သည် နေအိမ်မှ ၎င်းသမီး၏ ကျူရှင်သို့ သွားရောက်ကြိုစဉ် CNF/PDF အဖွဲ့ဝင်များမှ ၎င်း၏ ကားနှင့်အတူ ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

ရွေးကော် ညွှန်ကြားရေးမှူး ဦးလင်းကျော်၏ နေအိမ်နှင့် ၎င်းသမီး၏ ကျူရှင်သည် (၄)ဖာလုံခန့်သာ ဝေးကွာ ကြောင်းနှင့် ရွေးကော်ရုံးသို့ ဦးလင်းကျော် ရောက်မလာမှသာ ဖမ်းဆီးခံရခြင်းကို သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

CNF/PDF အဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ခရိုင်စစ်မှုထမ်းဟောင်း အတွင်းရေးမှူး ဦးမြင့်စိန်နှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးလင်းကျော်ကို လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post