ဟားခါးမြို့တွင် ကျင်းပနေသည့် (၇၄) နှစ်မြောက် ချင်းပြည်နယ်နေ့အခမ်းအနားအား CDF အဖွဲ့မှ Drone ယာဉ်ဖြင့် တိုက်ခိုက်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ထိန်းသိမ်းခဲ့ရ

PUBLISHED - February 21, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (People Media)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် ၇၄ နှစ်မြောက် ချင်းပြည်နယ်နေ့ အခမ်းအနားအား CDF အကြမ်းဖက်အဖွဲ့မှ ယမန်နေ့ ညနေပိုင်းတွင် Drone ယာဉ် လာရောက်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်နေ့ အခမ်းအနားအတွက် နယ်မြေလုံခြုံရေးဆောင်ရွက် နေစဉ် ညနေ ၃ နာရီခွဲခန့်တွင် CDF အဖွဲ့မှ ကောင်းကင်အမြင့် မီတာ ၅၀၀ ခန့်အကွာမှ Drone ယာဉ်တစ်စီး ပျံဝဲ၍ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ရန် ပျံဝဲလာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ထိန်းသိမ်းခဲ့သဖြင့် အဆိုပါ Drone ယာဉ်နှင့် အတူ ချိတ်ဆွဲထားသည့် လက်လုပ်မိုင်း ၁ လုံးအား သိမ်းဆည်းရမိကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………………………………
#PeopleMedia