ဟားခါး-ဂန့်ဂေါလမ်း၌ PDF များ ထောင်ထားသည့် လက်လုပ်မိုင်း ၅၅ လုံးကို လုံခြုံရေးအဖွဲ့များ ရှင်းလင်းခဲ့

PUBLISHED - March 18, 2022
ဟားခါး၊ မတ် ၁၈
ယနေ့နံနက်ပိုင်းက ဟားခါး-ဂန့်ဂေါလမ်း၌ PDF များ ထောင်ထားသည့် လက်လုပ်မိုင်း ၅၅ လုံးကို လုံခြုံရေး အဖွဲ့များ ရှင်းလင်းခဲ့သည်။
“ဟားခါး-ဂန့်ဂေါလမ်းမှာ လုံခြုံရေးအဖွဲ့တွေက မိုင်းရှင်းလင်းရေး ဆောင်ရွက်နေစဉ်မှာ PDF တွေ ထောင်ထား တဲ့ မိုင်း ၅၅ လုံးကိုတွေ့ရှိ၍ ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ဟားခါး-ဂန့်ဂေါလမ်းပိုင်းကို PDF အဖွဲ့မှ မိုင်းထောင်၊ မိုင်းခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
#PeopleMedia
(unicode)
………………………………..
#PeopleMedia