• Follow Us on
Latest News

Home ဟားခါး-ထန်တလန်လမ်းမရှိ တာဝါတိုင်ကုန်း၌ အခြေပြုထားသည့် CDF စခန်းကိုရှင်းလင်းရာ အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

ဟားခါး-ထန်တလန်လမ်းမရှိ တာဝါတိုင်ကုန်း၌ အခြေပြုထားသည့် CDF စခန်းကိုရှင်းလင်းရာ အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်းတွင် အခြေပြု၍ CDF စခန်းကို ရှင်းလင်းရာ အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၄ နာရီခွဲက ထန်တလန်မြို့နယ် ဟားခါး-ထန်တလန်သွားကားလမ်းမရှိ CDF အကြမ်းဖက်သမားများခိုအောင်းနေသော တာဝါတိုင်စခန်းကုန်းအား တပ်မတော်မှ ပစ်ကူပေးအဖွဲ့များနှင့် အပေးအယူ ဟန်ချက်ညီညီ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ပြောက်ကျားအင်္ကျီဝတ် CDF အလောင်း ၃ လောင်း၊ အာရ်ပီဂျီ ၁ လက်၊ M-4 ၁ လက်၊ M-22 ၂ လက်၊ Sporting Rifle (မှန်ပြောင်းပါ) ၂ လက်၊ Sporting Rifle (မှန်ပြောင်းမပါ) ၄ လက်၊ MA-2  ၁ လက်၊ ၁၂ ဗို့သေနတ် ၁ လက်၊ ဘီအေ-၆၃ ကျည်အိမ် ၇ ခု၊ Sporting Rifle ကျည်အိမ် ၅ ခု၊ M-4 ကျည်အိမ် ၅ ခု၊ M-22 ကျည်အိမ် ၅ ခု၊ ၃၀ တောင့်ဝင်ကျည်အိမ် ၅ ခု၊ M-22 ကျည် ၃၅၀၀ တောင့်၊ ၅.၅၆ မမကျည် ၂၅၀၀ တောင့်၊ ပွိုင့်-၃၁၅၈ ကျည် ၅၀ တောင့်၊ Sporting Rifle ကျည် ၁၁၀၀ တောင့်၊ လက်လုပ်မိုင်း ၁၀၁ လုံး၊ လက်လုပ်ယမ်းတောင့် ၁၆၈ ခု၊ ယမ်းမှုန့်(၂ပိဿာ)ခန့် ၁ ထုပ်၊ ကျည်ကာဦး ထုပ်(ဖိုက်ဘာ) ၂၀ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၂ လုံး၊ လက်လုပ် Drop ဗုံး ဗုံးသီးမျိုးစုံ ၉၀ လုံး၊ အရှည် ၆၀ ကိုက်ခန့်ရှိ ယမ်းကြိုး ၁ ခွေ၊ အရှည် ၁၀၀ ပေခန့်ရှိ သွပ်ဆူးကြိုး ၉ ခွေ၊ ဒီတိုနေ တာ ၁၉၀ ချောင်း၊ သစ်လုံးဘန်ကာ ၂ လုံး၊ ဆက်သွယ်ရေးမြောင်း ၇၅၀ ပေ၊ ၁၀ ယောက်အိပ်တဲ ၁ လုံး၊ အဆောက်အဦ(တာဝါတိုင်ရုံး) ၁လုံး၊ ပေ ၁၂၀၀ ခန့်ရှိ ခြံစည်းရိုး(သံဇကာ) ၁ ထပ်၊ နှစ်ယောက်ပစ်ကျင်း ၁ ကျင်း၊ ၁ ယောက်ပစ်ကျင်း ၄ ကျင်း၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၃ လုံး တို့အား တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post