• Follow Us on
Latest News

Home ဟားမတ်စ်ခေါင်းဆောင်တွေကို အစ္စရေးခေါင်းဆောင်တွေနဲ့ တစ်တန်းတည်းထားတာကို ဂါဇာဒေသခံတွေ ရှုတ်ချဝေဖန်

ဟားမတ်စ်ခေါင်းဆောင်တွေကို အစ္စရေးခေါင်းဆောင်တွေနဲ့ တစ်တန်းတည်းထားတာကို ဂါဇာဒေသခံတွေ ရှုတ်ချဝေဖန်

Share this post

နိုင်ငံတကာ၊ မေ ၂၁

 

ပါလက်စတိုင်းဒေသကိုကျူးကျော်တိုက်ခိုက်နေတဲ့ အစ္စရေးခေါင်းဆောင်တွေနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို တစ်တန်းတည်းထားပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေရဲ့ ပြောကြားချက်ကို ဂါဇာကမ်းမြောင်က ဒေသခံတွေက တနင်္လာနေ့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

 

ရှေ့နေကာရမ်ခန်းက အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအပါအဝင် ဟားမတ်စ်ခေါင်းဆောင် ယာဟယာ ဆင်ဝါ၊ ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက်ဒီးယက်ဖ်နဲ့ နိုင်ငံရေးဗျူရိုအကြီးအကဲ အစ္စမေးလ်ဟန်နီယက် တို့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

 

“ကမ္ဘာကြီးက မတရားဘူး။ သူတို့က မျက်လုံးတစ်လုံးတည်းနဲ့ ကြည့်တယ်။ ကျွန်မတို့နဲ့ ကျူးကျော်တိုက်ခိုက် တဲ့သူတွေကို ဘယ်လိုလုပ်ပြီး တစ်တန်းတည်းထားဆုံးဖြတ်တာလဲ။” လို့ ဂါဇာဒေသက စစ်ဘေးရှောင်ဒုက္ခ သည် ကလေးခြောက်ယောက်မိခင် အမ်ဆာမက်ဒ်က ပြောပါတယ်။

 

“ဟားမတ်စ်တွေက တဲလ်ဗစ်ကို လေယာဉ်တွေနဲ့ ဗုံးတွေသွားကြဲခဲ့သလား။ သူတို့တွေ ပြည်သူ ၃၅,၀၀၀ ကို သတ်ဖြတ်ပြီး အရပ်သားတွေ ထောင်နဲ့ချီ ပျောက်ဆုံးသွားအောင် လုပ်ခဲ့သလား။ တကယ့်ကို ထိတ်လန့်တုန် လှုပ်ပြီး လက်မခံနိုင်စရာပါပဲ။” လို့ ၎င်းက ရိုက်တာကို ပြောပါတယ်။

 

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့်တို့နဲ့ တစ်တန်းတည်းထားပြီး ဟားမတ်ခေါင်းဆောင် မိုဟာမက်ဒီးယက်ဖ်ကိုပါ ဖမ်းဝရမ်းထုတ်ဖို့ ICC ကို တင်ပြထားတယ်ဆိုတာ တကယ့် ရယ်စရာဟာသတစ်ခုပါပဲလို့ ဂါဇာဒေသခံ အသက် ၂၅ နှစ်အရွယ် မိုဟာမက်ဖာရတ်က ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော်အဖမ်းခံခဲ့ရသလို အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက ပါလက်စတိုင်း လူမျိုး ၃၅,၀၀၀ ဝန်းကျင်သေဆုံးပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

 

စစ်ရာဇဝတ်မှုနဲ့ လူသားတွေအပေါ်ရာဇဝတ်မှုကျူးလွန်မှုတို့အတွက် တာဝန်ရှိတယ်လို့ ဖော်ပြထားတဲ့လူငါးဦးကို ဖမ်းဆီးမိန့်တောင်းခံဖို့အတွက် ၎င်းထံမှာ လုံလောက်တဲ့အထောက်အထားတွေရှိကြောင်း ICC ရှေ့နေ ကာရမ် ခန်းက ပြောပါတယ်။

 

“ပါလက်စတိုင်းတွေအပေါ် မမျှတမှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတာ အောက်တိုဘာလ ၇ ရက်နေ့က စတင်တာမဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုဟာ ကျူးကျော်သူတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးအတွက် တုံ့ပြန်မှုတစ်ခုပါ။” လို့ အသက် ၄၅ နှစ်အရွယ် စစ် ဘေးရှောင်ဒုက္ခသည် ဆမီးရှ်က ပြောပါတယ်။

 

ICC ရဲ့ဆုံးဖြတ်ချက်ဟာ စစ်ပွဲဆင်နွှဲသုတ်သင်နေတဲ့ ကျူးကျော်သူတွေကို အားပေးမှုတစ်ခုအဖြစ် ကိုယ်စားပြု ကြောင်း ထိပ်တန်းဟားမတ်စ်အရာရှိ ဆမီအဘူဇူရီက ရိုက်တာကို ပြောပါတယ်။

 

ဟားမတ်စ်အဖွဲ့ကတော့ “ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်သလို နတန်ယာဟုနဲ့ ဂါးလန့်ကိ ဖမ်းဖို့ ကြိုးစားတာကလည်း ခုနစ်လ နောက်ကျသွားပြီဖြစ်ကြောင်း” ထုတ်ပြန်ချက် ထဲမှာ ပြောကြားထားပါတယ်။

 

အစ္စရေးနိုင်ငံမှာတော့ နတန်ယာဟုကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားတာဟာ အစ္စရေးတစ်နိုင်ငံလုံးကို တိုက်ခိုက်ဖို့ ကြိုးစားတာလို့ အစ္စရေးတချို့က ရှုမြင်တဲ့အတွက် ရှေ့နေခန်းရဲ့လုပ်ရပ်ကို အစ္စရေးနိုင်ငံရေးသမားတွေနဲ့ လူထု က ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။

 

Ref: Gazans, Hamas see false equivalence in ICC charges

 

#PeopleMedia


Share this post