• Follow Us on
Latest News

Home ဟားမတ်စ်ချေမှုန်းရေး စစ်ဆင်ရေးမှာအသုံးနိုင်ရေးအတွက် အပါချီရဟတ်ယာဉ်တွေ ထပ်မံထောက်ပံ့ပေးဖို့ အမေရိကန်ထံ အစ္စရေးအစိုးရတောင်းဆို

ဟားမတ်စ်ချေမှုန်းရေး စစ်ဆင်ရေးမှာအသုံးနိုင်ရေးအတွက် အပါချီရဟတ်ယာဉ်တွေ ထပ်မံထောက်ပံ့ပေးဖို့ အမေရိကန်ထံ အစ္စရေးအစိုးရတောင်းဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈

 

ဟားမတ်စ်တွေကို လေကြောင်းကနေတိုက်ခိုက်ရာမှာ ပိုမိုအထောက်အကူရအောင် အမေရိကန်ထံက အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ထပ်မံထောက်ပံ့ပေးဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အမေရိကန်ထံ မေတ္တာ ရပ်ခံတောင်းဆိုထားပါတယ်။

 

အစ္စရေးရဲ့မေတ္တာရပ်ခံချက်နဲ့ပတ်သက်ပြီး မကြာသေးခင်က တွေ့ဆုံပွဲမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက် ဂါးလန့်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်တို့ ဆွေးနွေးခဲ့ကြကြောင်း Ynetnews မီဒီ ယာက ပြောပါတယ်။

 

အစ္စရေးနိုင်ငံမှာ လက်ရှိအချိန်မှာ အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်အုပ် နှစ်အုပ်စုရှိပြီး အဲဒီရဟတ်ယာဉ်တွေ အားလုံးဟာ စစ်ပွဲစတင်ကတည်းက ဂါဇာဒေသမှာ နေ့ရောညပါ တစ်ချိန်လုံး စစ်ဆင်ရေးတာဝန်တွေထမ်း ဆောင်နေကြပါတယ်။

 

ရဟတ်ယာဉ်အုပ်နှစ်အုပ် ထမ်းဆောင်ရတဲ့တာဝန်က များပြားလွန်းတာကြောင့် အစ္စရေးအစိုးရအနေနဲ့ နောက် ထပ်ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ စဉ်းစားနေရတာဖြစ်ပါတယ်။

 

ဘိုးရင်းကုမ္ပဏီထုတ် အပါချီရဟတ်ယာဉ် ဘယ်နှစင်းအထိ ထောက်ပံ့ပေးဖို့ အစ္စရေးဘက်က မေတ္တာရပ်ခံထား တယ်ဆိုတာကိုတော့ သတင်းထဲမှာ အတိအကျဖော်ပြမထားပါဘူး။

 

အစ္စရေးတောင်းဆိုချက်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ဆုံးဖြတ်ချက်မချရသေးပေမဲ့ အမေရိကန်အာဏာ ပိုင်တွေထံက ငြင်းပယ်ခံရနိုင်ဖွယ်အလားအလာရှိကြောင်း စစ်သတင်းရင်းမြစ်လေးငါးဦးက ပြောပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွတွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ဖိအားပေးမှုမြင့်တက်လာမှုရဲ့ ရလဒ်အဖြစ် အစ္စရေးက အခုလို အပါချီရဟတ်ယာဉ်တွေကို တောင်းဆိုလာတာဖြစ်ပါတယ်။

 

ဂါဇာစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် အငြိမ်းစားယူပြီးသားလေသူရဲတွေကို ပြန်လည်ခေါ်ယူတာ အ ပါအဝင် အစ္စရေးနိုင်ငံဟာ သမရိုးကျမဟုတ်တဲ့ နည်းလမ်းတချို့ကို မလွှဲမရှောင်သာ အသုံးပြုလာရပါတယ်။

 

အသက် ၅၅ နှစ်ကနေ ၆၀ ကြားထဲမှာရှိတဲ့ လေတပ် တပ်ဖွဲ့ဝင်ဟောင်းတွေကိုလည်း စစ်ဆင်ရေးတာဝန်ထမ်း ဆောင်ဖို့ အစ္စရေးစစ်တပ်က ပြန်လည်စုဆောင်းနေပါတယ်။

 

ဒါ့အပြင် တိုက်ခိုက်ရေးတာဝန်တွေနဲ့ ကင်းထောက်တာဝန်တွေ ထမ်းဆောင်ရာမှာ ပိုမိုအချိန်ကြာမြင့်စွာတာဝန် ထမ်းဆောင်ခိုင်းနေရတဲ့အတွက် အစ္စရေးလေတပ်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေသူရဲတချို့ဆိုရင် လည်း တစ်ပြိုင်တည်း လေးနာရီကြာတဲ့အထိ လေယာဉ်ပေါ်က မဆင်းနိုင်တဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရ တယ်လို့ Ynetnews မီဒီယာက ပြောပါတယ်။

 

Ref: Israel Wants US-Made Apache Helicopters for Use against Hamas: Report

 

#PeopleMedia


Share this post