• Follow Us on
Latest News

Home ဟားမတ်စ်စခန်းအများအပြားသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သွေးကြွ ၁၅၀ ဝန်းကျင်ကိုသုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်ပြော

ဟားမတ်စ်စခန်းအများအပြားသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သွေးကြွ ၁၅၀ ဝန်းကျင်ကိုသုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁

 

ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိရာ သောကြာနေ့ (နိုဝင်ဘာလ ၁၀ ရက် နေ့) က ဟားမတ်စ်တွေရဲ့အဓိကစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ဟားမတ်စ်စစ်သွေးကြွ ၁၅၀ ဝန်းကျင်ကိုသုတ် သင်နိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ပြောကြားလိုက်ပါတယ်။

 

ဟားမတ်စ်စစ်သွေးကြတွေရဲ့အဓိကဌာနချုပ်စခန်းတည်ရှိတယ်လို့ အစ္စရေးဘက်ကယုံကြည်ထားတဲ့ ရှီဖာဆေး ရုံကြီးဝင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း အခုလို အစ္စရေးဘက်က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရှီဖာဆေးရုံကြီးဝန်းကျင်က ထောင်ပေါင်းများစွာသောပါလက်စတိုင်းလူအုပ်ကြီးဟာ ဂါဇာတောင်ဘက်အပိုင်းကို ရွှေ့ပြောင်းနေကြတဲ့ လူအုပ်ကြီးနဲ့အတူရောနှောပြီး ထွက်ခွာသွားနေကြတယ်လို့ AP သတင်းက ပြောပါတယ်။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ညွှန်ကြားချက်ရရှိပြီးနောက် ဆေးရုံကြီးရဲ့အာဏာပိုင်တွေကလည်း အဲဒီ ဆေးရုံကြီးကနေ ဘေးကင်းလုံခြုံရာကို ထွက်ခွာသွားနေကြပြီလို့ The Wall Street Journal ကပြောပါတယ်။

 

ကနဦးက လူနာပေါင်း ၂၅၀၀ ရှိနေတဲ့ အဲဒီရှီဖာဆေးရုံကြီးအတွင်းအပြင်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀၀၀ ကျော် ခိုလှုံနေကြတယ်လို့ ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သောကြာနေ့အစောပိုင်းက အဲဒီဆေးရုံကြီးဝင်းအတွင်း လူ ၁၃ ဦးသေဆုံးခဲ့တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဲဒီ ပေါက်ကွဲမှုကို အစ္စရေးက ဟားမတ်စ်တွေလက်ချက်လို့ပြောပြီး ဟားမတ်စ်တွေကတော့ အစ္စရေးလေကြောင်း တိုက်ခိုက်မှုလို့ ပြောပါတယ်။

 

အလားတူ ဂါဇာမြို့မှာရှိတဲ့ အယ်လ်ဘူရက်စာသင်ကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီးယပ်စ်ရဲ့မြေးမလေးအပါအဝင် လူဦးရေ ၅၀ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတွေက ပြောပါ တယ်။

 

အဲဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အစ္စရေးတွေဘက်က ဘာမှပြောဆိုခြင်းမရှိသလို ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ စာသင်ကျောင်းတွေကလည်း ပိတ်ထားတဲ့အတွက် အဲဒီစာသင်ကျောင်းဝင်းထဲမှာ ဘယ်သူတွေရောက်နေတာ လဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF အနေနဲ့တော့ ဂါဇာကမ်းမြောင်ဒေသမှာ တစ်နှစ်ကြာဝန်းကျင် တိုက်ပွဲဝင်ရ လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အစ္စရေး Channel 12 ရုပ်သံဌာနက သောကြာနေ့က ပြောပါတယ်။

 

Ref: IDF says it captured key Hamas posts in Gaza City, killing 150 terror operatives

 

#PeopleMedia


Share this post