• Follow Us on
Latest News

Home ဟားမတ်စ်စစ်သွေးကြွတွေဝင်ရောက်စီးနင်းခံရတဲ့ အစ္စရေးကျေးရွာမှာ ကလေးသူငယ် ၄၀ ထက်မနည်း သတ် ဖြတ်ခံထားရသလို တချို့ကလေးများခေါင်းဖြတ်အသတ်ခံထားရကြောင်း အစ္စရေးမီဒီယာပြော

ဟားမတ်စ်စစ်သွေးကြွတွေဝင်ရောက်စီးနင်းခံရတဲ့ အစ္စရေးကျေးရွာမှာ ကလေးသူငယ် ၄၀ ထက်မနည်း သတ် ဖြတ်ခံထားရသလို တချို့ကလေးများခေါင်းဖြတ်အသတ်ခံထားရကြောင်း အစ္စရေးမီဒီယာပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

 

ဟားမတ်စ်စစ်သွေးကြွအဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့ (စနေနေ့) က အစ္စရေးနိုင်ငံကို အငိုက်ဖမ်းဝင် ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးကျေးရွာတစ်ရွာမှာ ၎င်းတို့သတ်ဖြတ်သွားတဲ့အလောင်းတွေကို အစ္စရေး စစ်တပ်ကတွေ့ရှိခဲ့ရာ အလောင်းတချို့ဟာ ခေါင်းဖြတ်အသတ်ခံထားရတဲ့အလောင်းတွေဖြစ်ကြောင်း အစ္စရေး မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

 

စနေနေ့မနက်ပိုင်း ဟားမတ်စ်အဖွဲ့ဝင်ရောက်တိုက်ခိုက်တာခံလိုက်ရတဲ့ အစ္စရေးကျေးရွာတစ်ရွာဖြစ်တဲ့ ကေဖာ အဇာကျေးရွာကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ရှင်းလင်းရာ ကလေးသူငယ်အလောင်း ၄၀ ဝန်း ကျင်တွေ့ရှိခဲ့ရာပြီး တချို့ကလေးတွေက ခေါင်းဖြတ်အသတ်ခံထားရတယ်လို့ အစ္စရေး i24News မီဒီယာမှာ ဖော်ပြထားပါတယ်။

 

အဲဒီကျေးရွာမှာတွေ့ရှိခဲ့တဲ့ ကလေးသူငယ်အလောင်းတွေကို အစ္စရေးတပ်ဖွဲ့တွေက သယ်ယူရွှေ့ပြောင်းခဲ့တယ် လို့ ဆိုပါတယ်။

 

“ဒါဟာ စစ်ပွဲတစ်ပွဲမဟုတ်ဘူး။ ဒါဟာ စစ်မြေပြင်မဟုတ်ပါဘူး။ ကလေးတွေ၊ မိခင်တွေ၊ ဖခင်တွေ၊ သူတို့အိပ် ခန်းတွေ၊ သူတို့ အကာအကွယ်ယူခိုလှုံနေတဲ့အခန်းတွေ အားလုံးကို မြင်ရပါလိမ့်မယ်။ ပြီးတော့ သူတို့ ဘယ်လို အသတ်ခံရတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။” လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်မှူးချုပ်အိုင်တိုင်းဗီ ရပ်ဗ်က i24News မီဒီယာကို ပြောပါတယ်။

 

စနေနေ့ မနက်ပိုင်းမှာ ဟားမတ်စ်အဖွဲ့ကဦးဆောင်တဲ့ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေဟာ ဒေသခံတွေ အိပ်ပျော်နေစဉ်အတွင်း အစ္စရေး- ဂါဇာနယ်စပ်ကိုဖြတ်ပြီး အစ္စရေးနိုင်ငံထဲကို ထိုးဖောက်ဝင်ရောက်လာကာ လူတွေကို လမ်းပေါ်တရွတ်တိုက်ဆွဲချ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြသလို တချို့ကိုလည်း ဓားစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။

 

ဒေသခံအစ္စရေး အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို ၇၀၀ ကျော် ရက်ရက်စက်စက်သတ် ဖြတ်ခံခဲ့ရပြီး အစ္စရေးသမိုင်းမှာ တစ်ရက်တည်းနဲ့ အများဆုံး ဆိုးရွားစွာသတ်ဖြတ်ခံရတဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

 

အစ္စရေးကြည်းတပ်က ဂါဇာနယ်စပ်ဒေသနဲ့ တစ်မိုင်မပြည့်တဲ့နေရာမှာတည်ရှိတဲ့ ကစ်ဘတ်ကေဖာအဇာကျေး ရွာထဲကို မီဒီယာတွေကို ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

 

မြို့ပေါ်မှာလည်း ဒေသခံတွေ သတ်ဖြတ်ခံထားရပြီး အဲဒီအသတ်ခံထားရတဲ့အလောင်းတွေဟာ လမ်းမတွေပေါ် မှာ ပြန့်ကျဲနေပါတယ်။ ကားတွေမီးရှိုှုခံထားရသလို အပျက်အစီးတွေကလည်း ပြန့်ကျဲနေပါတယ်။

 

မီဒီယာတွေက ၎င်းတို့မြင်တွေ့လိုက်ရတဲ့ ရိုင်းစိုင်းရက်စက်မှုဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေထိန်းချုပ် ထားတဲ့နယ်မြေတွေကို မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်လာစဉ် တွေ့လိုက်ရတဲ့မြင်ကွင်းလိုပါပဲလို့ ပြောပါတယ်။

 

“စစ်သားအများအပြားကို အရန်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်လိုက်ကြတယ်။ အဲဒီစစ်သားတွေ ရောက်လာပြီး သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှစ်သိမ့်နေကြ တာကို တွေ့ရပါတယ်။” လို့ i24News မီဒီယာက ပြောပါတယ်။

 

“အဆိုးဆုံး အခြေအနေကို မြင်ရမယ်လို့ မျှော်လင့်ထားပြီး သူတို့ရောက်လာကြတာပါပဲ။ ဒါပေမဲ့ သူတို့မြင်လိုက် ရတဲ့မြင်ကွင်းက မျှော်လင့်ထားတာထက် ပိုပြီးဆိုးရွားနေတယ်။ ခေါင်းဖြတ်အသတ်ခံထားရတဲ့ ကလေးတွေကို တွေ့လိုက်ရသလို အိပ်ရာထဲမှာတင် မိသားစုလိုက်ပစ်သတ်ခံထားရတာတွေကိုလည်း တွေ့လိုက်ရတယ်။ အခုအ ချိန်အထိ ထရော်လီနဲ့တင်သွားတာက ကလေးအလောင်း ၄၀ လောက်ရှိသွားပြီ။” လို့ မီဒီယာကပြောပါတယ်။

 

အကြမ်းဖက်သမားတွေဟာ သေနတ်တွေ၊ လက်ပစ်ဗုံးတွေ၊ ဓားတွေအသုံးပြုပြီး အပြစ်မဲ့အရပ်သားတွေကို ပစ် မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း i24News မီဒီယာက ပြောပါတယ်။ မြို့ပေါ်မှာတော့ အလောင်း ၂၀၀ လောက်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

 

အစ္စရေးနိုင်ငံတစ်ဝန်း မြို့ရွာကျေးလက်ဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်နိုင် ပြီဖြစ်ပေမဲ့ ဒေသတွင်းမှာဆက်လက်တိုက်ခိုက်လာနိုင်တဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းဖို့ သတိကြီးကြီးနဲ့ စောင့်နေကြတယ်လို့ ဆိုပါတယ်။

 

ကေဖာအဇာကျေးရွာမှာ တိုက်ခိုက်မှုတွေမရှိတော့ပေမဲ့ တခြားလမ်းမတွေပေါ်မှာတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟားမတ်စ်စစ်သွေးကြွတွေရဲ့ ပစ်ခတ်သံတွေကို ကြားနေရဆဲဖြစ်သလို အမြောက်နဲ့ ရော့ကက်သံတွေကိုလည်း ကြားနေရတယ်လို့ ဆိုပါတယ်။

 

အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသ လို ဟားမတ်စ်မြေပြင်တပ်ဖွဲ့တွေဝင်လာမှာကို မျှော်လင့်ထားပြီး ဂါဇာနယ်စပ်အနီးမှာ တင့်ကားတွေနဲ့ တပ်ဖွဲ့ဝင် တွေကို တပ်ဖြန့်ချထားကြောင်း သိရပါတယ်။

 

Ref: At least 40 babies, some beheaded, found by Israel soldiers in Hamas-attacked village

 

#PeopleMedia


Share this post