ဟားမတ်စ်စစ်သွေးကြွတွေ ခရုစ်ဒုံးကျည်တွေထုတ်လုပ်နိုင်ဖို့ အီရန်ကူညီခဲ့ကြောင်း အစ္စရေးပြော
PUBLISHED - January 9, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၉
ဟားမတ်စ်တွေ ပဲ့ထိန်းခရုစ်ဒုံးကျည်တွေထုတ်လုပ်ရေးအတွက် ကူညီရာမှာ အီရန်နိုင်ငံဟာ အဓိကအခန်း ကဏ္ဍက ပါဝင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားလိုက်ပါတယ်။
ဂါဇာမြို့ထဲက ဟားမတ်စ်တွေရဲ့ လျှို့ဝှက်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ်က စစ်သွေးကြွတွေရဲ့ ဒုံးကျည် ထုတ်လုပ်မှုစီမံချက် လျှို့ဝှက်စာရွက်စာတမ်းတွေကို အစ္စရေးစစ်တပ်က သိမ်းဆည်းမိပြီးနောက်မှာ အခုလို ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ၎င်းတို့အနေနဲ့ ဟားမစ်စ်တွေရဲ့ မြေအောက်လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို သိမ်း ဆည်းမိခဲ့ကြောင်း၊ အဲဒီစက်ရုံမှာ အီရန်နိုင်ငံရဲ့ လမ်းညွှန်မှုနဲ့အတူ ဟားမတ်စ်တွေက ပဲ့ထိန်းဒုံးကျည်တွေ ထုတ် လုပ်နေတာဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးစစ်တပ်က ၎င်းတို့သိမ်းဆည်းမိတဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေ ထုတ်လုပ်နေတဲ့ ရော့ကက်အင်ဂျင် တွေနဲ့ ခရုစ်ဒုံးကျည်တစ်စင်းရဲ့ ထိပ်ဖူးတွေပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်ကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
အီရန်အနေနဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာစစ်သွေးကြွတွေကို ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်နိုင်အောင် ကူညီနေတယ်လို့ အစ္စရေးအစိုးရက စွပ်စွဲခဲ့တာကြာပြီဖြစ်ပေမဲ့ အီရန်က အခုလို ဟားမတ်စ်တွေကိုပါ ကူညီ လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဟားမတ်စ်တွေရဲ့ ပစ်ကပ်ကားတစ်စီးအတွင်း ပိုင်းမှာဝှက်ထားတဲ့ ကွန်ပျူတာတစ်လုံးကို သိမ်းဆည်းရရှိခဲ့ပြီး အဲဒီကွန်ပျူတာထဲမှာ နည်းပညာဆိုင်ရာသင် တန်းတွေ ထောက်ပံ့ပေးဖို့ ဟားမတ်စ်အဖွဲ့က အီရန်အစိုးရထံ တောင်းခံထားတဲ့ သတင်းအချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ အလွန်ခေတ်မီတဲ့လက်နက်တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက် ဟားမတ်စ်အဖွဲ့ဝင် ၇ ဦးကို အီရန်နိုင်ငံက တက္ကသိုလ်တွေမှာ အင်ဂျင်နီယာဘာသာရပ်၊ ရူပဗေဒဘာသာရပ်နဲ့ နည်းပညာတွေ သင် ကြားပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကမ္ဘာတစ်ဝန်းမှာ အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသမှာ အီရန်အစိုးရက အကြမ်းဖက်ကြားခံအုပ်စုတွေကို အ ခြေခံအဆောက်အဦထောက်ပံ့မှုတွေ ဘဏ္ဍာရေးနဲ့ လေ့ကျင့်သင်ကြားမှုထောက်ပံံ့မှုတွေ တကယ့်ကို နက်နက် ရှိုင်းရှိုင်းဆောင်ရွက်နေတယ်ဆိုတာကို ဖော်ထုတ်နိုင်တဲ့ နောက်ထပ် အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။” လို့ အစ္စရေးအရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောပါတယ်။
အီရန်နိုင်ငံအပြင် အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖို့အတွက် ဟားမတ်စ်စစ်သွေးကြွတွေရဲ့ စစ်ဆင်ရေးတွေကို တရုတ်နိုင်ငံကလည်း အကူအညီပေးနေကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အစ္စရေးစစ်တပ်က ဝေဟင်/မြေပြင် ထိုးစစ်တွေပြင်းပြင်းထန်ထန်ဆင်နွှဲနေတဲ့ကြားထဲက ဟားမတ်စ်စစ်သွေးကြွ တွေထံက တရုတ်လုပ်အဆင့်မြင့်လက်နက်တွေ အများအပြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီ တရုတ်ထုတ်လက်နက်တွေကို ကုန်တင်သင်္ဘောတွေနဲ့ သယ်ဆောင်လာတာမဟုတ်ဘဲ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေ/အဖွဲ့အစည်းတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ တင်သွင်းလာတာဖြစ်ကြောင်း အစ္စရေးကာ ကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
Ref: Iran Aided Hamas Cruise Missile Production Capability: Israel
#PeopleMedia