ဟားမတ်စ်စစ်သွေးကြွေတွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးနိုင်ငံက စစ်ကြေညာခဲ့
PUBLISHED - October 9, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၉
အစ္စရေးတပ်မတော်က တောင်ပိုင်းမြို့တွေမှာ ဟားမတ်စ်စစ်သွေးကြွတွေကို ပြန်လည်တိုက်ခိုက်နေပြီး ဂါဇာ ကမ်းမြောင်ဒေသကို အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေစဉ်မှာပဲ အစ္စရေးအစိုးရက တနင်္ဂနွေနေ့ (အောက် တိုဘာလ ၈ ရက်နေ့) က တရားဝင်စစ်ကြေညာလိုက်ပြီး ဟားမတ်စ်တို့ရဲ့အလစ်အငိုက်တိုက်ခိုက်မှုကို လက်တုံ့ ပြန်တိုက်ခိုက်ဖို့ အစ္စရေးတပ်မတော်ကို အမိန့်ပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်စစ်သွေးကြွတွေရဲ့ မျှော်လင့်မထားတဲ့ထိုးစစ် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၄ နာရီကျော်အကြာမှာ အစ္စရေးတပ်တွေဟာ အစ္စရေးပိုင်နယ်မြေထဲကနေရာလေး ငါးခုကို သိမ်းပိုက်ထားတဲ့ ဟားမတ်စ်တွေနဲ့ တနင်္လာနေ့မနက်ပိုင်းအထိ တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။
အစ္စရေးဘက်က လူဦးရေ ၇၀၀ ထက်မနည်းသေဆုံးသွားပြီဖြစ်ပြီး ဒီအရေအတွက်ဟာ ဆယ်စုနှစ်များစွာ အ တွင်း မကြုံဖူးလောက်အောင်များပြားတဲ့အရေအတွက်ဖြစ်တယ်လို့ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာတော့ လူဦးရေ ၄၀၀ ကျော်သေဆုံးသွားပြီလို့ ဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီကိစ္စနဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့က လုံခြုံရေးကောင်စီအရေးပေါ်အစည်းအ ဝေး တံခါးပိတ်ကျင်းပခဲ့ရာ “ဟားမတ်စ်တွေကျူးလွန်ခဲ့တဲ့ အခုလိုစက်ဆုပ်ရွံရှာဖွယ်ရာကောင်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှု” ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုခဲ့ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအများအပြားကတော့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ပြစ် တင်ရှုတ်ချခဲ့ပေမဲ့ နိုင်ငံအားလုံးမပါဝင်ကြောင်း၊ နိုင်ငံအားလုံးမပါဝင်ဘူးဆိုတာ နိုင်ငံတစ်နိုင်ငံဖြစ်မယ်ဆိုတာ သဘောပေါက်မယ်လို့ ထင်ကြောင်း အမေရိကန်ဒုတိယသံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောပါတယ်။
တပြိုင်တည်းမှာပဲ အမေရိကန်တွေက အစည်းအဝေးမှာ ရုရှားနိုင်ငံက အဲဒီတိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချ ခြင်းမရှိဘူးလို့ ပြောဖို့ကြိုးစားနေပေမဲ့ အဲဒီလိုပြောကြားတာဟာ အမှန်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာရုရှား သံအမတ်ကြီး ဗက်ဆီလီနီဘန်ဇီယာက AP သတင်းဌာနကို ပြောပါတယ်။
“ကျွန်တော်ပြောခဲ့တာကို ပြန်ပြောပါ့မယ်။ အရပ်သားတွေကို တိုက်ခိုက်မှုအားလုံးကို ကျွန်တော်တို့ ဆန့်ကျင် ကန့်ကွက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးနိုင်ငံကို ထောက်ပံ့ဖို့အတွက် ကျွန်မတို့ဆောင်ရွက်ရမယ့်အရာတွေကို ဆောင်ရွက်သွားဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲမှာ ပါတီနှစ်ရပ်စလုံးက တစ်ညီတစ်ညွတ်တည်းထောက်ခံခဲ့ကြကြောင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လစီက ပြောပါတယ်။
တနင်္ဂနွေနေ့က ဂျူးလူမှုအသိုင်းအဝိုင်းဆက်ဆံရေးကောင်စီက ဦးစီးကျင်းပခဲ့တဲ့ ဆန်ဖရန်စစ္စကိုမြို့က အခမ်းအ နားတစ်ခုမှာ အစ္စရေးနိုင်ငံကို အခုလိုအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကို “သူရဲဘောကြောင်တဲ့လုပ်ရပ်” အဖြစ် ပြောဆိုပြီး ရှုတ်ချခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ထဲက လူကြီးမင်းတို့ကို သိစေချင်ပါတယ်။ ကျွန်မတို့လုပ်ဖို့လို အပ်တာနဲ့ပတ်သက်ပြီး ပါတီနှစ်ရပ်စလုံးက တစ်ညီတညွတ်တည်းထောက်ခံတယ်ဆိုတာကို သိစေချင်ပါတယ်။ စစ်ရေးအရဖြစ်စေ၊ သံတမန်အရဖြစ်စေ၊ ဘဏ္ဍာရေးထောက်ပံ့ကူညီမှုဖြစ်စေ ကျွန်မတို့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ အစ္စရေးတွေကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။” လို့ ပယ်လစီက ပြောပါတယ်။
Ref: Israel says it’s at war after surprise Hamas attack
#PeopleMedia