• Follow Us on
Latest News

Home ဟားမတ်စ်စစ်သွေးကြွ ၆၀% ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးပြော

ဟားမတ်စ်စစ်သွေးကြွ ၆၀% ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၁

 

အစ္စရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၇ ရက်နေ့က စတင်လိုက်တဲ့ ဂါဇာစစ်ပွဲအတွင်း ဟားမတ်စ်စစ်သွေးကြွ တွေကိုတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၆၀% ကျဆုံး/ ဒဏ်ရာရခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးယူအက်ဂါး လန့်က ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွတွေကို ရှင်းလင်းသုတ်သင်ပြီး ဂါဇာဒေသက ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအ တွက် ဆောင်ရွက်ဖို့ အစ္စရေးအစိုးရက ဆုံးဖြတ်ချက်ချထားပြီး ပထမကိုးလအတွင်း ရလဒ်တွေကို အစ္စရေးလွှတ် တော်ကို တင်ပြရာမှာ ဂါးလန့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ စွန့်လွှတ်စွန့်စားပြီး အောင်မြင်မှုတွေရအောင်” တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးစစ် သည်တွေကို ကာကွယ်ရေးဝန်ကြီးက ချီးကျူးလိုက်သလို အောင်မြင်မှုတွေ အများအပြားရခဲ့ကြောင်းလည်း ပြောပါတယ်။

 

အစ္စရေးနိုင်ငံဟာ ဟားမတ်စ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုှုင်းဖို့ နိုင်ငံတကာကြားဝင်ဖျန်ဖြေသူတွေနဲ့ စတင်သဘောတူခဲ့ပေမဲ့လည်း ဂါဇာဒေသမြောက်ပိုင်းနဲ့ တောင်ပိုင်းက ရာဖာနဲ့ ခန်းယူနစ်အနီးတစ်ဝိုက်မှာ ထိုး စစ်တွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။

 

“ကျွန်တော်တို့ ဟားမတ်စ်အကြမ်းဖက်သမား ကျဆုံး/ဒဏ်ရာရ အပါအဝင် ၆၀ ရာခိုင်နှုန်းကို သုတ်သင်ရှင်း လင်းနိုင်ခဲ့ပါတယ်။ အများစုက ပါလက်စတိုင်းအဖွဲ့ အမှတ် ၂၄ တပ်ရင်းကလူတွေဖြစ်ပါတယ်။” လို့ ဂါးလန့်က ပြောပါတယ်။

 

ရန်သူ့ကျဆုံး/ဒဏ်ရာရ အရေအတွက်အတိအကျကို ကာကွယ်ရေးဝန်ကြီးဂါးလန့်က ထုတ်ဖော်ပြောဆိုခြင်းမရှိ သလို အစ္စရေးစစ်တပ်ကလည်း စာရင်းဇယားတွေ ချက်ချင်းမရနိုင်ဘူးလို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်အဖွဲ့က အလစ်ဝင်ရောက်တိုက်ခိုက်ရာမှာ အစ္စရေးဘက်က ၁၂၀၀ ဝန်းကျင်သေဆုံးသွားပြီး ဓားစာခံ ၂၅၁ ဦး အဖမ်းခံခဲ့ရပါတယ်။

 

ဓားစာခံတွေအနက် ၁၁၆ ဦး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၃၈၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီး နိုင်ငံအများအပြားက အစ္စရေးနဲ့အတူ ရပ်တည်ကြောင်း ပြောဆိုခဲ့ပေမဲ့ အစ္စရေးအစိုးရကတော့ ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ၎င်းတို့စစ်ဆင်ရေး တွေကြောင့် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

 

အစ္စရေးနိုင်ငံဟာ ရည်မှန်းချက်အတိုင်း မမှိတ်မသုန်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဂါးလန့်က ပြောပါတယ်။

 

“ဓားစာခံ တစ်ဝက်ပြန်လည်လွတ်မြောက်လာပါပြီ။ ကျန်တဲ့ဓားစာခံတွေလည်း ပြန်လွတ်အောင် ဆောင်ရွက် သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“အစ္စရေးတပ်မတော်ရော ခေါင်းဆောင်နေတဲ့ ကျွန်တော်ကိုယ်တိုင်ရော စစ်ပွဲရဲ့ရည်ရွယ်ချက်အတိုင်း အောင်ပွဲ ရတဲ့အထိ တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ပါတယ်။” လို့ ဂါးလန့်က ပြောပါတယ်။

 

Ref: Israel Defense Minister Says ‘60 Percent’ of Hamas Dead or Wounded

 

#PeopleMedia


Share this post