ဟားမတ်စ်တိုက်ခိုက်မှုမှာ ချစ်သူအသက်ရှင်ဖို့ အစ္စရေးလူငယ်တစ်ဦး လက်ပစ်ဗုံးပေါ်ကို ဒိုင်ဗင်ထိုးမှောက်ချပြီး အသေခံခဲ့
PUBLISHED - November 8, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၈
ဟားမတ်စ်စစ်သွေးကြွတွေ အစ္စရေးနိုင်ငံကို အောက်တိုဘာလ ၇ ရက်နေ့က အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့ စဉ်က သေဆုံးသွားခဲ့တဲ့ အစ္စရေးလူမျိုး ၁၄၀၀ ကြားမှာ အစ္စရေးအချစ်သူရဲကောင်းတစ်ဦးလည်း ပါဝင်ပါတယ်။
အစ္စရေးအမျိုးသမီးငယ်အိုင်းရီရှားဗစ်တ်က ၎င်းချစ်သူ နက်တာအက်ပ်စတိုင်းနဲ့ ပထမဦးဆုံးအကြိမ်သွား ရောက်တွေ့ဆုံမယ့်ပွဲမှာ ၎င်းတို့ ချစ်နေတာကြာပြီဖြစ်ပေမဲ့ အဆုံးသတ်မလှပမှာစိုးရိမ်ကြောင်း မိခင်ဖြစ်သူကို ပြောဆိုခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုမှာ ဟားမတ်စ်တွေပစ်သွင်းလိုက်တဲ့ လက်ပစ်ဗုံးဒဏ်ကနေ ၎င်းရဲ့ အသက်ကိုကယ်ဆယ်ဖို့ ချစ်သူဖြစ်တဲ့အက်ပ်စတိုင်းက အဲဒီလက်ပစ်ဗုံးပေါ်ကို ဒိုင်ဗင်ထိုး မှောက်ချလိုက်တဲ့အ တွက် ၎င်းအသက်ရှင်သန်ခဲ့ရတာဖြစ်ကြောင်း အသက် ၂၂ နှစ်အရွယ် ရှားဗစ်တ်က ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားတဲ့နေ့က ၎င်းတို့နှစ်ဦးအခန်းထဲကို ပထမအကြိမ် လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းလိုက်ပေမဲ့ဘာ မှမဖြစ်ခဲ့ဘဲ တတိယမြောက်လက်ပစ်ဗုံးပစ်သွင်းလိုက်ချိန်မှာ အက်ပ်စတိုင်းက အဲဒီလက်ပစ်ဗုံးပေါ်ကို မှောက်ချ လိုက်တာဖြစ်ပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ အက်ပ်စတိုင်းကို ဟားမတ်စ်စစ်သွေးကြွတွေက သေနတ်နဲ့ ထပ် မံပစ်သတ်လိုက်ပြီး ၎င်းတို့အခန်းကို မီးတင်ရှို့လိုက်တယ်လို့ ရှားဗစ်တ်က ပြောပါတယ်။
အသက် ၂၂ နှစ်အရွယ်ဖြစ်တဲ့ နက်တာအက်ပ်စတိုင်းဟာလည်း ဟားမတ်စ်တွေတိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့တဲ့ အစ္စရေးလူမျိုး ၁၄၀၀ ထဲမှာ ပါဝင်ပြီး သေဆုံးခဲ့တဲ့ အစ္စရေးအရပ်သားအများစုဟာ အဲဒီပထမနေ့မှာ ပဲ သေဆုံးခဲ့ကြတာဖြစ်တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။
“ကျွန်မအသက်ရှင်ဖို့အတွက် သူအသေခံခဲ့တယ်။ ဒါ့ကြောင့် ကျွန်မဆက်လက်ရှင်သန်ရတာဖြစ်ပါတယ်။” လို့ ရှားဗစ်တ်က ပြောပါတယ်။
ဒါပေမဲ့ ဘဝသစ်တစ်ခုပြန်စဖို့ရာ ၎င်းအတွက်တော့ အလွန်ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အကျပ်အတည်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
“ဘဝသစ်တစ်ခုကို ပြန်မစရင်လည်း သစ္စာဖောက်မှုဖြစ်မှာပါပဲ။ ဒါပေမဲ့ ဘဝသစ်ကိုပြန်စရင်လည်း ကျွန်မသူ့ကို သစ္စာဖောက်သလို ခံစားနေရဦးမှာပဲ။ ကျွန်မ သူ့ရဲ့အနမ်းတွေ၊ သူ့ရဲပွေ့ဖက်မှုတွေ၊ သူ့ရဲ့အချစ်တွေကို လွမ်း ဆွတ်ပါတယ်။” လို့ ရှားဗစ်တ်က ငိုယိုပြီးပြောပါတယ်။
ရှားဗစ်တ်ဟာ လက်ရှိအချိန်မှာ တဲလ်လာဗီတောင်ပိုင်း ဘစ်ဇာရွန်မြို့မှာရှိတဲ့ မိဘတွေအိမ်မှာနေထိုင်နေပြီး ဝမ်း နည်းကြွေကွဲဖွယ်ရာအကြောင်းတွေကို ပြောပြနေတာဖြစ်ပါတယ်။
ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းက နေ့စဉ်ဆက်ရက်အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ရာမှ တစ်လအတွင်းမှာပဲ ပါလက်စတိုင်းလူမျိုး ၁၀၃၀၀ ကျော် သေဆုံးသွားပြီဖြစ် ကြောင်း ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ရှားဗစ်တ်နဲ့ အက်ပ်စတိုင်းဟာ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ဘားတစ်ခုမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၎င်းတို့နှစ်ဦး ဟာ မြင်မြင်ချင်း ချစ်ကြိုက်သွားကြတာဖြစ်ကြောင်း ရှားဗစ်တ်ကပြောပါတယ်။
ရှားဗစ်တ်က အစ္စရေးထောက်လှမ်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သလို အက်ပ်စတိုင်းကလည်း လေထီး တပ်ရင်းတစ်ရင်းမှာ အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံး စစ်မှုမထမ်းမနေရ ဥပဒေ အရ သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းခဲ့ပြီးဖြစ်လို့ တပ်ထဲကထွက်ပြီး Kfar Aza kibbutz ကို အတူပြောင်း ရွှေ့လာကြတယ်ဖြစ်တယ်လို့ဆိုပါတယ်။
၎င်းတို့နှစ်ဦးဟာ လာမယ့်နှစ် ဧပြီလအတွင်းမှာ လက်ထပ်ဖို့ စီစဉ်ထားသူတွေဖြစ်ပါတယ်။
Ref: ‘He died so I could live’: Israeli couple torn apart in Hamas attack
#PeopleMedia