ဟားမတ်စ်တွေကို ရှင်းမထုတ်နိုင်မချင်း အစ္စရေးကို စစ်ရေးအကူအညီဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်ပြော
PUBLISHED - December 12, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂
အစ္စရေးအနေနဲ့ ဟားမတ်စ်စစ်သွေးကြတွေကို ရှင်းထုတ်မပြီးမချင်း အစ္စရေးကို စစ်ရေးအကူအညီတွေ ဆက်လ က်ထောက်ပံ့သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲကြား အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်း ဂျူးဆန့်ကျင်ရေးဝါဒမြင့်တက်လာတာကို သမ္မတ ဂျိုးဘိုင်ဒန်က ဆက်လက်ပြစ်တင်ရှုတ်ချရင်း ဂျူးတွေရဲ့ ဟာနတ်ခတ်ပွဲတော် (အလင်းပွဲတော်) ကို ဒီဇင်ဘာလ ၁၁ ရက်ညက အိမ်ဖြူတော် ကြိုဆိုလက်ခံရေးဌာနမှာ ကျင်းပခဲ့စဉ် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အိမ်ဖြူတော်လက်ခံကြိုဆိုရေးဌာနမှာ စကားပြောကြားရာမှာ “အမေရိကန်အနေနဲ့ အစ္စရေးတွေ ဟားမတ်စ်အဖွဲ့ ကို ရှင်းထုတ်မပြီးမချင်း စစ်ရေးအကူအညီတွေ ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ရော အစ္စရေးတွေရော သတိထားရပါမယ်။ တစ်ကမ္ဘာလုံးကပြည်သူတွေရဲ့ အမြင်တွေဟာ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒီလိုမဖြစ်အောင် ကျွန်တော်တို့ ဂရုစိုက်ဖို့လိုပါတယ်။” လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
“အောက်တိုဘာလ ၇ ရက်နေ့တိုက်ခိုက်မှုအပြီးမှာ ကျွန်တော်ပြောခဲ့သလိုပဲ ဂျူးလူမျိုးတွေ ဘေးကင်းလုံခြုံရေး နဲ့ အစ္စရေးနိုင်ငံလုံခြုံရေးအတွက် ကတိကဝတ်တွေ၊ လွတ်လပ်တဲ့ဂျူးနိုင်ငံတော်အဖြစ်တည်ရှိဖို့ အစ္စရေးမှာ အ ခွင့်အရေးရှိတယ်ဆိုတဲ့ ကတိကဝတ်တွေဟာ မပြောင်းလဲတဲ့ ကတိကဝတ်တွေဖြစ်ပါတယ်။” လို့ ၎င်းက ပြော ပါတယ်။
“အစ္စရေးနိုင်ငံရယ်လို့ မရှိတော့ဘူးဆိုရင် ကမ္ဘာပေါ်မှာ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်တဲ့ ဂျူးလူမျိုးဆိုတာလည်း တစ်ဦးတစ်ယောက်မှ ရှိလာမှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
“ဂျူးလူမျိုးတွေအတွက် ကျွန်တော်ခံစားရတဲ့ နွေးထွေးမှုနဲ့ ဆွေမျိုးသားချင်းစိတ်ဓာတ်ကို သံသယဖြစ်စရာမလိုပါ ဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဇီယွန်ဝါဒတစ်ဦးဖြစ်ဖို့ ဂျူးလူမျိုးဖြစ်စရာမလိုပါဘူးလို့ ကျွန်တော်ပြောခဲ့စဉ် က ကျွန်တော်ဒုက္ခရောက်ပြီး အဝေဖန်ခံခဲ့ရပါတယ်။ ကျွန်တော်ဟာ ဇီယွန်ဝါဒီတစ်ဦးပါ။” လို့ သမ္မတဂျိုးဘိုင်ဒန် က ပြောပါတယ်။
အခမ်းအနားကို ဧည့်သည် ၈၀၀ ဝန်းကျင်နဲံအတူ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်၊ ဒုတိယသမ္မတခင်ပွန်းဒေါက် အမ်ဟော့ဖ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကတော့ ဟိုလိုကပ်ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေ၊ ကွန်ဂရက် လွှတ်တော်အမတ်တွေ၊ ပြည်နယ်နဲ့ ဒေသတွင်း အရာရှိတွေ၊ ဖျော်ဖြေရေးတင်ဆက်သူတွေနဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
Ref: Biden: US will provide military assistance to Israel ‘until they get rid of Hamas’
#PeopleMedia