• Follow Us on

Home ဟားမတ်စ်တွေတိုက်ခိုက်လာနိုင်တာကို အီဂျစ်ထောက်လှမ်းရေးတွေ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ အစ္စရေး လျစ်လျူရှုခဲ့ကြောင်း အီဂျစ်ထောက်လှမ်းရေးအရာရှိပြော

ဟားမတ်စ်တွေတိုက်ခိုက်လာနိုင်တာကို အီဂျစ်ထောက်လှမ်းရေးတွေ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ အစ္စရေး လျစ်လျူရှုခဲ့ကြောင်း အီဂျစ်ထောက်လှမ်းရေးအရာရှိပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

 

ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးကိုတိုက်ခိုက်ဖို့ စီမံချက်အကြီးကြီးချမှတ်ဆောင်ရွက်နေတယ်ဆိုတာကို အီဂျစ်နိုင်ငံက အကြိမ်ကြိမ်သတိပေးပြောကြားခဲ့ပေမဲ့ အစ္စရေးအစိုးရက လျစ်လျူရှုခဲ့ကြောင်း အီဂျစ် ထောက်လှမ်းရေးအရာ ရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ဟားမတ်စ်တွေရဲ့အစီအစဉ်ဟာ အန္တရာယ်ရှိလာနိုင်တယ်ဆိုတာကို သတိပေးထားတဲ့ “တိုက်ရိုက်သတိ ပေးချက် စာတစ်စောင်” ကို အီဂျစ်ထောက်လှမ်းရေးဝန်ကြီးက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟု ထံကို ပေးပို့ခဲ့ကြောင်း ၎င်းက ထပ်မံထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

ဒါပေမဲ့ အစ္စရေးအရာရှိတွေဟာ ဂါဇာကမ်းမြောင်ဒေသက ခြိမ်းခြောက်မှုကို အရေးမစိုက်ဘဲ အနောက် ဘက် ကမ်းခြေဒေသကိုသာ အလေးထားလွန်းခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

“မကြာခင် တကယ့်ကို မကြာခင်ကာလမှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာတော့မယ်၊ အင်မတန်ကြီးမား တဲ့ ပေါက်ကွဲမှုကြီးဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ သူတို့ကို သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သတိပေး ချက်တွေကို သူတို့ လျှော့တွက်ခဲ့ကြတယ်။” လို့ အမည်မဖော်လိုတဲ့ အီဂျစ်ထောက်လှမ်းရေး အရာရှိတစ်ဦးက AP သတင်းဌာနကို ပြောပါတယ်။

 

တနင်္လာနေ့ညက နိုင်ငံတစ်ဝန်းကိုပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ “ဝန်ကြီးချုပ်ရုံးက အဲဒီလို သတိပေး ချက်မျိုး လက်ခံရရှိခဲ့တယ်ဆိုတာမဟုတ်မှန်ကြောင်း၊ လုပ်ကြံဇာတ်လမ်းထွင်ပြီး သက်သက်ပြောနေတာ ဖြစ်ကြောင်း” ဝန်ကြီးချုပ်နတန်ယာဟုက ပြောပါတယ်။

 

ပြီးခဲ့တဲ့စနေနေ့က ပါလက်စတိုင်းဟားမစ်စစ်သွေးကြွအုပ်စုက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်တာကို ခံ လိုက်ရပြီးနောက် အစ္စရေးနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးသတင်းအချက်အလက် ရယူစုဆောင်း မှု စွမ်းရည်ကို မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။

 

ထောက်လှမ်းရေးသတင်းအချက်အလက်မရရှိခဲ့တဲ့အတွက် အခုလိုလူအများအပြားသေဆုံးခဲ့တဲ့ ဂါဇာကမ်း မြောင်ဒေသက အကြမ်းဖက်တိုက်ခိုက်မှုကို အစ္စရေးနိုင်ငံက ကြိုတင်ကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။

 

ဟားမတ်စ်အဖွဲ့ဟာ ဒီတိုက်ခိုက်မှုကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်း လင်း မသိရသေးပေမဲ့ အစ္စရေးထောက်လှမ်းရေးအနေနဲ့ ဘာ့ကြောင့် ဒီကိစ္စကိုကြိုတင်မသိရတာလဲဆိုတဲ့ မေးခွန်းတွေ ကို ရင်ဆိုင်သွားရမှာဖြစ်ကြောင်း စစ်ရေးဆန်းစစ်လေ့လာသူတွေက ယုံကြည်ထားပါတယ်။

 

အစ္စရေးတပ်မတော်အနေနဲ့ ဘာ့ကြောင့် သူတို့အခုလို အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရတယ်ဆိုတာ အများပြည်သူကို ရှင်းပြဖို့ တာဝန်ရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် ကြီး ဒန်နီ ရယ်လ်ဟာဂရီးက ဝန်ခံပြောကြားပါတယ်။

 

ဒါပေမဲ့ လက်ရှိအချိန်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ရန်သူကို လိုက်လံရှင်းလင်းချေမှှုန်းနေရတဲ့အတွက် ပြည်သူ ကို ပြန်ရှင်းပြရမယ့် အချိန်မဟုတ်သေးကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Israel Ignored Egypt’s ‘Repeated’ Warnings on Hamas Attack: Intel Official

 

#PeopleMedia


Share this post