ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် ဟန်နီယက်လုပ်ကြံခံရမှုကြောင့် ဂါဇာစစ်ပွဲပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်နေ

PUBLISHED - August 1, 2024
နိုင်ငံတကာ၊ သြဂုတ် ၁
ဟားမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟန်နီယက် အီရန်နိုင်ငံ တီဟီရန်မြှို့မှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃၁ ရက်နေ့) လုပ်ကြံခံလိုက်ရတာကြောင့် အစ္စရေးကို တန်ပြန်လက်စားချေမယ်ဆိုတဲ့အသံတွေထွက်ပေါ်လာ တဲ့အတွက် အရှေ့အလယ်ပိုင်းဒေသက ဂါဇာစစ်ပွဲပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွအုပ်စုနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဟန်နီယက်သေဆုံးမှုကို အတည်ပြုခဲ့ ကြပါတယ်။ ဟန်နီယက်ဟာ အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ပြီး နာရီပေါင်းအတော်ကြာ မှ လုပ်ကြံခံလိုက်ရတာဖြစ်ကြောင်း အီရန်တပ်ဖွဲ့က ပြောပါတယ်။
ဟန်နီယက်လုပ်ကြံသတ်ဖြတ်ခံရမှုကို အစ္စရေးလက်ချက်လို့ မှတ်ယူထားကြပေမဲ့ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက် ပြီး ဝန်ကြီးချုပ်နတန်ယာဟုအစိုးရက ဝန်ခံခြင်းမရှိသလို တုံ့ပြန်ပြောကြားခြင်းလည်း မရှိပါဘူး။
ဟန်နီယက်ဟာ ၎င်းတည်းခိုနေတဲ့ အီရန်နိုင်ငံရဲ့ အစိုးရဧည့်ဂေဟာ တစ်ခုမှာရှိနေစဉ်အတွင်း ဒုံးကျည်နဲ့ တိုက် ရိုက်ပစ်ခတ်ခံရတာဖြစ်ကြောင်း တီဟီရန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟားမတ်စ် ထိပ်တန်းခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ခါလီအယ်လ်ဟေယာက ပြောပါတယ်။
ဟန်နီယက်ဟာ ပုံမှန်အားဖြင့် ကာတာနိုင်ငံမှာ နေထိုင်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့ တဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲကြောင့် နိုင်ငံတကာသံတမန်မျက်နှာစာကို ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဟန်နီယက်ဟာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ သွယ် ဝိုက်တဲ့နည်းနဲ့ ဝင်ရောက်ဆောင်ရွက်ပေးနေသူလို့လည်း ဆိုပါတယ်။
ဟန်နီယက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ တုံ့ပြန်ပြောဆိုခြင်းမရှိပေမဲ့ အစ္စရေးနိုင်ငံအနေနဲ့ ဟားမတ်စ်နဲ့ ဟစ်ဘိုလာအဖွဲ့အပါအဝင် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ရုပ်သံမိန့်ခွန်းမှာ နတန်ယာဟုက ပြောပါတယ်။
“ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးအတွက် ကျွန်တော်တို့ အသင့်ပြင်ဆင်ထားပါတယ်။ ဘယ်လိုခြိမ်းခြောက်မှု မျိုးကိုမဆို စုစည်းညီညွတ်ပြီး ခိုင်မာပြတ်သားတဲ့သံန္နိဋ္ဌာန်စိတ်နဲ့ ကျွန်တော်တို့ ရင်ဆိုင်သွားမှာဖြစ်တယ်။ ကျွန် တော်တို့နိုင်ငံရဲ့ ဘယ်နေရာမှာမဆို ကျွန်တော်တို့ကို ဆန့်ကျင်တိုက်ခိုက်လာတဲ့ ကျူးကျော်ရန်စမှုမှန်သမျှအ တွက် အစ္စရေးက တန်ဖိုးကြီးကြီး ရယူသွားမှာပဲဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Killing of Hamas chief in Iran stirs fears of retaliation, regional conflict
#PeopleMedia