• Follow Us on

Home ဟားမတ်စ်အဖွဲ့ ဒုက္ခသည်စခန်းတွေကနေ အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေပစ်ခတ်ခဲ့ကြောင်း အစ္စရေးစွပ်စွဲ

ဟားမတ်စ်အဖွဲ့ ဒုက္ခသည်စခန်းတွေကနေ အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေပစ်ခတ်ခဲ့ကြောင်း အစ္စရေးစွပ်စွဲ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

 

ဟားမတ်စ်အကြမ်းဖက်သမားတွေဟာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ပါလက်စတိုင်းတွေ စစ်ဘေးရှောင်ခို လှုံနေတဲ့ “လူသားချင်းစာနာထောက်ထားမှုနယ်မြေတွေ” ကနေ အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေနဲ့ ပစ်ခတ် နေတယ်လို့ အစ္စရေးဘက်က ကြာသပတေးနေ့ (ဒီဇင်ဘာလ ၇ ရက်နေ့) က စွပ်စွဲပြောဆိုလိုက်ပါတယ်။

 

ပါလက်စတိုင်းဒုက္ခသည်အများအပြား ဖြစ်သလို ခိုလှုံနေကြတဲ့ အယ်လ်မာဝါဆီြမို့က ဒုက္ခသည်စခန်းတစ်ခုအ ပါဝင်လေးငါးနေရာကနေ အစ္စရေးနိုင်ငံထဲကို ရော့ကက် ၁၄ စင်းပစ်ခတ်ခဲ့ကြောင်း ပြောဆိုရင်း အစ္စရေးစစ်တပ် က မြေပုံတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

အခုလို ဒုက္ခသည်စခန်းတွေကနေ ရော့ကက်တွေပစ်ခတ်နေခြင်းအားဖြင့် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ် ထားပြီး အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ ဟားမတ်စ် အဖွဲ့ဟာ အကြမ်းဖက်မှုတွေကျူးလွန်ရာမှာ ဂါဇာပြည်သူလူထုကို အလွဲသုံးစားအသုံးချနေတာကို နောက်ထပ် သက်သေပြလိုက်တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

အစ္စရေးဘက်ကပြောဆိုချက်နဲ့ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က ချင်ချင်း တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။ အစ္စရေးဘက်က ဗီဒီယိုဖိုင်ထဲမှာ ထုတ်ဖော်ပြသထားတဲ့ ရော့ကက်ပစ်ခတ်တဲ့နေရာဟာ အီဂျစ်နယ်စပ်အနီး ရာ ဖာမြို့စွန်က ပါလက်စတိုင်းဒုက္ခသည်အများအပြားခိုလှုံနေတဲ့နေရာနဲ့ ၁၀၉ ကိုက်ခန့်သာ ဝေးကွာတဲ့နေရာဖြစ်ပါ တယ်။

 

အဲဒီနေရာဟာ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် ကုလသမဂ္ဂအဖွဲ့အသုံးပြုနေတဲ့ ဂါဇာမြို့ရဲ့ အကြီးမားဆုံး လော်ဂျစ်စတစ်အခြေစိုက်စခန်းနဲ့ ကိုက် ၂၇၀ ခန့်ဝေးကွာတယ်လို့ ဆိုပါတယ်။

 

ဗီဒီယိုဖိုင်ထဲမှာ ရော့ကက်တိုက်ရိုက်ပစ်ခတ်နေတဲ့ပုံတွေကို ဖော်ပြထားတာမဟုတ်ဘဲ ရော့ကက်မပစ်ခင်နဲ့ ပစ် ခတ်ပြီး အဲဒီပစ်စင်ပုံကို ပြထားတာဖြစ်ပါတယ်။

 

အဲဒီပစ်စင်ကနေ ရော့ကက်တွေပစ်ခတ်ခဲ့တာ ဟုတ်မဟုတ်ကိုတော့ New York Times မီဒီယာက သီးခြားအ တည်မပြုနိုင်ပါဘူး။

 

အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် ဒီကနေ့အချိန်အထိ အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဟားမတ်စ်တွေလက်ထဲမှာလည်း ဓားစာခံ ၁၄၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှတော့ အစ္စရေးတို့ရဲ့ ဝေဟင်/မြေပြင် ထိုးစစ်တွေကြောင့် ပါလက်စတိုင်းလူမျိုး ၁၇၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပြီး လူဦးရေ ၁.၉ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

 

Ref: Israel Says Hamas Fired Rockets From Near Gaza Shelters

 

#PeopleMedia


Share this post