• Follow Us on

Home ဟားမတ်စ်အဖွဲ့ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားထုတ် လက်နက်တွေ အသုံးပြုနေ

ဟားမတ်စ်အဖွဲ့ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားထုတ် လက်နက်တွေ အသုံးပြုနေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

 

ဟားမတ်စ်စစ်သွေးကြွအုပ်စုဟာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားနိုင်ငံက လာတဲ့ လက်နက်တွေ အထူးသဖြင့် တချို့နေရာတွေမှာ ကော်နက် (Kornet) တင့်ဖျက်ပဲ့ထိန်းဒုံးကျည်လို ခေတ်မီလက် နက်တွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

 

ဟားမတ်စ်အဖွဲ့ဟာ သမရိုးကျဒုံးကျည်တွေကို ကာလရှည် အစုလိုက်အပြုံလိုက် စုဆောင်းနေတာကိုထောက် ရှုခြင်းအားဖြင့် အစ္စရေးနိုင်ငံကို အခုလိုစစ်ဆင်ရေးကြီးတစ်ခုဆင်နွှဲတိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ကြာမြင့်နေပြီ လို့ ခန့်မှန်းပြောဆိုကြပါတယ်။

 

စစ်ပွဲကနဦးအစမှာ အစ္စရေးနိုင်ငံက မြို့ကြီးတွေကို တိုက်ခိုက်ရာမှာ ဒုံးကျည်ပေါင်း ၂၂၀၀ ကျော် ပစ်ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။

 

အဲဒီဒုံးကျည်တွေအပြင် အသေခံဒရုန်းတွေ၊ လူနဲ့သယ်ဆောင်နိုင်တဲ့ ခေတ်မီလက်နက်တွေကိုလည်း အသုံးပြု ခဲ့တယ်လို့ဆိုပါတယ်။

 

တချို့နေရာတွေမှာဆိုရင် စိတ်ဝင်စားဖွယ်ကောင်းတဲ့လက်နက်တချို့ကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။ ဥပမာ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်တွေ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် အွန်လိုင်းပေါ်မှာတက်လာ တဲ့ ပထမဦးဆုံးဗီဒီယိုဖိုင်တစ်ခုမှာ နှစ်ဆင့်ကွဲ PG-7VR တင့်ဖျက်ဗုံးပစ်လောင်ချာကို တွေ့လိုက်ရပါတယ်။

 

အဲဒီ တင့်ဖျက်ဗုံးပစ်လောင်ချာတွေဟာ ၁၉၈၈ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုမှာ စတင်သုံးစွဲခဲ့တာဖြစ်ပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်မှာတော့ ထပ်မံပြန့်နှံလာခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် ဒီ လက်နက်ရဲ့သက်တမ်းက ၁၅ နှစ်ပဲ သတ်မှတ်ထားတာဖြစ်ပါတယ်။

 

ရုရှားနိုင်ငံက အရှေ့အလယ်ပိုင်းဒေသကို RPG-7 တင့်ဖျက်ဗုံးပစ်လောင်ချာတွေထောက်ပံ့ပေးလိုက်တာကို ဆီးရီးယားက ဓာတ်ပုံတွေကနေ ဖော်ထုတ်သိရှိလိုက်ချိန် ၂၀၁၅ ခုနှစ်မှာ PG-7VR တင့်ဖျက်ဗုံးပစ်လောင်ချာကို တစ်ကျော့ပြန် ပြန်တွေ့လိုက်ရတာဖြစ်ပါတယ်။

 

ဆီးရီးယားကို ရောက်ရှိလာတဲ့အချိန်မှာ ဒီလက်နက် အကြမ်းဖက်အုပ်စုတွေလက်ထဲ ရောက်မသွားဖို့ ဘယ်သူ ကမှ မတားဆီးနိုင်ခဲ့ပါဘူး။

 

မီဒီယာတွေရဲ့ထုတ်ဖော်မှုကတစ်ဆင့်လေ့လာကြည့်တဲ့အခါ ဟားမတ်စ်စစ်သွေးကြွတွေလက်ထဲမှာ ကော်နက် တင့်ဖျက်ပဲ့ထိန်းဒုံးကျည် (Kornet ATGM) တွေကို ကိုင်ဆောင်ထားတာပါ တွေ့ရပါတယ်။

 

၂၀၁၁ ခုနှစ်တုန်းက ကျောင်းကားတစ်စီးကို ကော်နက်တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ထိမှန်ခဲ့တဲ့အချိန်မှာ ရုရှားဖက်ဒ ရေးရှင်းက ဟားမတ်စ်အကြမ်းဖက်အုပ်စုကို Kornet ATGM ဒုံးကျည်တွေထောက်ပံ့ခဲ့တယ်လို့ အစ္စရေးအစိုးရ စွပ်စွဲခဲ့ပါတယ်။

 

ရုရှားမူရင်းထုတ်လက်နက်အပြင် ဟားမတ်စ်အဖွဲ့ဟာ ရုရှားလက်နက်ကိုတုပထုတ်လုပ်ထားတဲ့ အီရန်ထုတ် လက်နက်တွေနဲ့ မြောက်ကိုရီးယားထုတ် ဘူလ်ဆေး-၂ တင့်ဖျက်ပဲ့ထိန်းဒုံးကျည် (Bulsae-2 ATGM) တို့ကို လည်း အသုံးပြုလျက်ရှိပါတယ်။

 

ဒါ့အပြင် ဟားမတ်စ်အဖွဲ့ဟာ ဆိုဗီယက်ထုတ် Soviet Strela-2 ပခုံးထမ်းဒုံးကျည်တွေကိုလည်း လေကြောင်းရန် ကာကွယ်ရေးလက်နက်အဖြစ် ၂၀၁၂ ခုနှစ်ကတည်းက အသုံးပြုနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဟားမတ်စ်တွေလက်ထဲမှာ Soviet Strela-2 ပခုံးထမ်းဒုံးကျည်တစ်မျိုးတည်းမဟုတ်ဘဲ အရင်ကတည်းက ဆီး ရီးယားကိုရောက်ရှိနေတဲ့ ရုရှားထုတ် Igla ပခုံးထမ်းဒုံးကျည်၊ အီတလီကော်ပီ တရုတ်ထုတ် Misagh-1 ပခုံး ထမ်း ဒုံးကျည်၊ မြောက်ကိုရီးယားထုတ် HT-16PGJ ပခုံးထမ်းဒုံးကျည်တွေလည်း ရောက်ရှိနေတာဖြစ်ပါတယ်။

 

ဒါ့အပြင် ဟားမတ်စ်တွေဆီမှာ အီရန်ထုတ် Fajr-3 အတွဲလိုက်ဒုံးပစ်လောင်ချာတွေ၊ Fajr-5 တာဝေးပစ်အတွဲ လိုက်ဒုံးပစ်လောင်ချာတွနဲ့ ဆီးရီးယားထုတ် M302 ဒုံးကျည်တွေလည်းရှိနေပါတယ်။

 

ဒါ့အပြင် ပါလက်စတိုင်းတွေကိုယ်တိုင် ဒုံးကျည်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဆိုတဲ့ စွပ်စွဲချက်သတင်း တွေကိုလည်း ထပ်မံလေ့လာဖို့ လိုပါသေးတယ်။

 

Ref: Where Did Hamas Get Rare RPG-7s with Tandem-Charge EFP, Anti-Tank Weapons and MANPADS

 

#PeopleMedia


Share this post