ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်တိမ်းစောင်းမှုဖြစ်ပွားခဲ့သည့် ကုန်တင်ရေယာဉ်အား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်

PUBLISHED - September 12, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်တိမ်းစောင်းမှုဖြစ်ပွားခဲ့သည့် ကုန်တင်ရေယာဉ်အားတပ်မတော်(ရေ)မှ ကူညီကယ်ဆယ်ပေးခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်တိမ်းစောင်းမှုဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသဖြင့် သွားရောက် ၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့မှစစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင်ရေယာဉ်အား တွေ့ရှိခဲ့သည်။
အဆိုပါရေယာဉ်သည် ရာသီဥတုဆိုးရွားကာလှိုင်းလေပြင်းထန်ခြင်းကြောင့် ရေယာဉ်ပေါ်တွင် တင်ဆောင်လာ သော ဘိလပ်မြေအိတ် တန် ၄၀၀၀ ခန့်မှာ ရွေ့လျား၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင် ရောက်မှုဖြစ်ပွားခဲ့သဖြင့် တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေ၏ စက်ခန်းအတွင်း ရေဝင် ရောက်မှုအား ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
#PeopleMedia