• Follow Us on
Latest News

Home ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူအား လူမြင်ကွင်း၌ UWSA မှ သေဒဏ်ပေး

ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူအား လူမြင်ကွင်း၌ UWSA မှ သေဒဏ်ပေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၀

 

UWSA ထိန်းချုပ်ရာ ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူအား လူမြင်ကွင်း၌ သေဒဏ်ပေးပြီး မုဒိမ်းမှု ကျူးလွန်သူ ၆ ဦးကို တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်လိုက်ကြောင်း “ဝ” အခြေစိုက် မီဒီယာ၌ ဖော်ပြထားသည်။

 

UWSA အဖွဲ့၏ တရားစီရင်ရေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဟိုပန်မြို့ ယဉ်ကျေးမှုကွင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

 

လူသတ်မှုကျူးလွန်သည့် အသက် ၂၀ ဝန်းကျင် အရွယ်ရှိ စိုင်းကျော်ထွန်းကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ မုဒိမ်းမှုကျူးလွန်သူများထဲမှ ဦးဆောင်သူအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ကျန်ပါဝင်သူ  ၅ ဦးကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်တွင် ဟိုပန်မြို့တွင်း ကုန်စုံဆိုင်တစ်ခု၌ ဖြစ်ခဲ့သည့် ဓားပြတိုက်မှုတွင် ၈ နှစ်အရွယ် ကလေးသေဆုံးခဲ့ပြီး နှစ်လအကြာတွင် ကျူးလွန်သူကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

Photo – Credit

 

#PeopleMedia


Share this post