• Follow Us on

Home ဟိုပုံးမြို့နယ်တွင် HIACE ယာဉ်ပေါ်မှ ကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ဟိုပုံးမြို့နယ်တွင် HIACE ယာဉ်ပေါ်မှ ကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် HIACE ယာဉ်ပေါ်မှ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ် ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး၊ တောင်ကြီး-လွိုင်လင်သွားကားလမ်းတွင် စိုင်းထွန်းလူ(ခ)စိုင်းနော်ခေး မောင်းနှင်လာ သည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၉ ဒသမ ၀၉ ကီလို၊ ကက်တမင်း ၁၀၀ ဂရမ်တို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်မှ တောင်ကြီး မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post