• Follow Us on
Latest News

Home ဟိုပုံးမြို့နယ်တွင် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများမောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ တရား မဝင်လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

ဟိုပုံးမြို့နယ်တွင် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများမောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ တရား မဝင်လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာသို့ ရောက်ရှိလာသည့် PNLO ယူနီဖောင်း ဝတ်ဆင်ထားသူများ မောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ တရားမဝင် လက်နက်/ခဲယမ်းများ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာ သို့ရောက်ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများလိုက်ပါ၍ Canter ယာဉ် ၂ စီး၊ Honda Fit ယာဉ် ၁ စီး၊ ဖိုးဝှီးယာဉ် ၂ စီး စုစုပေါင်း မော်တော်ယာဉ် ၅ စီးပါယာဉ်တန်းအား တွေ့ရှိသဖြင့် လိုအပ်သည့်စစ်ဆေးမှု များ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာသည့် အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကိုရှေးရှု၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ပြီး NCAပါ သဘောတူညီချက်များအား လေးစားလိုက်နာ စေရေး ဆွေးနွေးညှိနှိုင်းခဲ့ သည့်အတွက် ပစ်ခတ်မှုရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

သို့သော် PNLO ယူနီဖောင်းဝတ်ဆင် ထားသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေ စဉ်အတွင်း ယမန်နေ့နံနက်ပိုင်းတွင် ၎င်းတို့ယာဉ်တန်းမှ ယာဉ်များအား မီးရှို့ပြီး ထွက်ပြေး သွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်းဟုယူဆရသောပစ္စည်းများ ပေါက်ကွဲ၍ စံဖူး ကျေးရွာရှိ ဒေသခံများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မီးလောင်ပျက်စီးနေသည့် ယာဉ်များအားစစ်ဆေးခဲ့ရာ Canter ယာဉ် ၂ စီးပေါ်မှ မီးလောင်ပျက်စီးလျက်ရှိသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post