• Follow Us on
Latest News

Home ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်

ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ် စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအား ဆန်၊ လူသုံး ကုန်ပစ္စည်းများ၊ အိမ်ဆောက် ပစ္စည်းများနှင့် ထောက်ပံ့ငွေများသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဖာလွိုင်ဘုန်းတော်ကြီးကျောင်းသို့ သွား ရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပဏ္ဌဝအား ဖူးမျှော်ကြည်ညို ၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဖာလွိုင်ဘုန်းတော်ကြီးကျောင်း၌ ယာယီတည်းခို နေကြသည့် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

 

ယင်းနောက် မီးဘေးသင့် ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် (၅)သိန်း နှုန်းဖြင့် အိမ်ထောင်စု ၂၇ စုအတွက် ငွေကျပ်သိန်းပေါင်း (၁၃၅)သိန်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ငွေကျပ်(၅၄)သိန်းနှင့် လူသုံးကုန်ပစ္စည်း(၂၂)မျိုးပါ Family Case (၂၇)ပုံးတို့ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ (၁)ဦး လျှင် (၉၀၀၀) ကျပ် နှုန်းဖြင့် လူဦးရေ ၉၈ ဦးအတွက် ထောက်ပံ့ငွေ (၈၈၂၀၀၀) ကျပ်ကိုလည်းကောင်း တာဝန်ရှိသူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လူသုံး ကုန်ပစ္စည်း များဖြစ်သည့် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ အနွေးထည်၊ Smart အင်္ကျီ၊ ငွေသား၊ သွပ်၊ သံပစ္စည်း၊ ပစ္စည်း(၂၂)မျိုးပါပုံး၊ မိုးကာတဲ၊မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဟိုပုံးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်စဉ် PNLO ယူနီဖောင်းဝတ်ဆင်ထားသူ များ လိုက်ပါလာသော မော်တော်ယာဉ် ၅ စီးအား တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ် စတင်ပစ်ဖောက်မှုဆောင်ရွက်လာသည့်အတွက် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး PNLO အဖွဲ့မှ ၎င်းတို့ယာဉ်တန်းမှ ယာဉ်များအား မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်းဟု ယူဆရသော ပစ္စည်းများ ပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia


Share this post