• Follow Us on

Home ဟိုပုံးမြို့နယ်၌ ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းကျော် သိမ်းဆည်းရမိ

ဟိုပုံးမြို့နယ်၌ ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းကျော် သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား  ကိုးသိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဟိုပုံးမြို့နယ် နန့်ခုတ် ကျေးရွာအနီး ကားလမ်း၌ လွိုင်လင်မှ တောင်ကြီးသို့ ဝင်းထွန်းနိုင်(ခ)မျိုးတင့် မောင်းနှင်လာသည့် HIACE ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၁၂ သိန်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ကရင်ပြည် နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post