• Follow Us on
Latest News

Home ဟိုပုံး-မိုင်းပွန်သွားလမ်းမကြီးတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများပိတ်ဆို့ထားသည့်နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း၊ လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်

ဟိုပုံး-မိုင်းပွန်သွားလမ်းမကြီးတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများပိတ်ဆို့ထားသည့်နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း၊ လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်

Share this post

နေပြည်တော်၊ မတ် ၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အဓိကဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက်ပိတ်ဆို့ရန်  PNLA၊ KNDF ၊ KNPP အကြမ်းဖက်ပူးပေါင်း အဖွဲ့များသည် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍  ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင် များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှု များ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပိတ်ဆို့မှုများကြောင့် ခရီးသွားလာမှုများ ခေတ္တရပ်တန့်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ရာ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဖြစ်စဉ် ဖြစ်လျှင်ဖြစ်ခြင်း တိုက်ခိုက်ရေး စစ်ကြောင်းများ အား စနစ်တကျ အင်အားစုဖွဲ့၍ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ ဆီဆိုင်-မိုင်းပွန် ကားလမ်းတစ်လျှောက်နှင့် ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ဘေးဝဲယာများကို ချီတက်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီး အား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နေ့ မတ်လ ၁ ရက်နေ့မှ စတင်၍ ယာယီရပ်တန့်ခဲ့သည့် ခရီးသွား ယာဉ်များ၊ လူစီးယာဉ်၊ ကုန်သယ်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

 

ထိတွေ့တိုက်ပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အကြမ်းဖက်သောင်း ကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

#PeopleMedia


Share this post