• Follow Us on
Latest News

Home ဟုမ္မလင်း – လဟယ်လမ်းပိုင်း သွားလာခွင့်ရပြီ ဖြစ်သော်လည်း KIA အဖွဲ့မှ ငွေကြေးအဆမတန် ကောက်ခံနေ

ဟုမ္မလင်း – လဟယ်လမ်းပိုင်း သွားလာခွင့်ရပြီ ဖြစ်သော်လည်း KIA အဖွဲ့မှ ငွေကြေးအဆမတန် ကောက်ခံနေ

Share this post

မြစ်ကြီးနား၊ ဇွန် ၂၄

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟုမ္မလင်း – လဟယ်လမ်းပိုင်း သွားလာခွင့်ရပြီ ဖြစ်သော်လည်း KIA အဖွဲ့မှ ငွေကြေးအဆမတန် ကောက်ခံနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် တိုက်ပွဲအခြေအနေကြောင့် ဟုမ္မလင်း – လဟယ် လမ်းပိုင်းသွားလာမှုကို ပိတ်ထားခဲ့ရာ ဇွန်လ ၂၀ ကျော်မှ စတင်သွားလာခွင့်ရပြီဖြစ်သော်လည်း KIA အဖွဲ့မှ ခရီးသည်ကားများနှင့် ကုန်ကားများထံမှ ငွေကြေးအဆမတန် ကောက်ခံနေကြောင်း ခရီးသည်တစ်ဦးမှ ပြောကြားသည်။

 

“လမ်းပြန်ဖွင့်တာက ဒီလ ၂၀ ရက်ဝန်းကျင်က ဖွင့်ပေးတာဟုတ်တယ်။ လမ်းပြန်ဖွင့်လို့ လဟယ်ဘက်က ခရီးသည်ကားတွေ၊ ကုန်ကားတွေ ကုန်ပစ္စည်းဝယ်ဖို့ ဆင်းလာကြတာ။ ဆင်သေရွာနဲ့ လဟယ်ကြားက ကျောက်ညီနောင်မှာ KIA တွေက ခရီးသည်တွေကို အကုန်ဆင်းခိုင်းပြီးတော့ စစ်ဆေးတယ်။ ကားဆရာ တွေဆီက ၅ သိန်းအထိ တောင်းတယ်။ ကုန်ကားဆရာတွေဆို ၁၅ သိန်းအထိ တောင်းတယ်” ဟု ၎င်းက ဆိုသည်။

 

ယင်းကဲ့သို့ လမ်းပိုင်းဖွင့်လှစ်သော်လည်း လဟယ်မြို့တွင် ပြတ်လပ်နေသည့် ကုန်ပစ္စည်းများအား ဝယ်ယူရန် လူငယ်လူလတ်ပိုင်းများ သွားလာခြင်းမရှိပဲ လူကြီးမိဘများ၊ ဘာသာရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများသာ သွားလာနေရကြောင်း လဟယ်မြို့ဒေသခံတစ်ဦးမှ ပြောကြားသည်။

 

“အခုလမ်းဖွင့်လို့ သွားလာနိုင်ပေမယ့် လူငယ်တွေက မသွားရဲကြဘူး။ ဖမ်းဆီးတာအရမ်းများတော့ မိဘတွေ၊ ဘာသာရေးအဖွဲ့ကလူတွေပဲ သွားကြတယ်။လမ်းမှာ KIAက စစ်ဆေးတဲ့အချိန်ဆို အသက်တွေ အိမ်ထောင်ရှိ မရှိတွေပဲ မေးကြတယ်။ လူငယ်ပိုင်းတွေမပါတော့ ဖမ်းခံရတာမျိုးမရှိဘူး။ လူငယ်ပိုင်းကို ဖမ်းမရတော့ ငွေကြေး ကို အဆမတန်ညစ်ပြီး တောင်းတာပေါ့” ဟု ၎င်းကဆိုသည်။

 

ဟုမ္မလင်း – လဟယ်သွားလမ်းပိုင်းကို တစ်လကျော်အထိ ပိတ်ထားသည့်အတွက် လဟယ်မြို့နှင့် မြို့နယ်ကျေး ရွာများတွင် ကုန်ပစ္စည်းများ ပြတ်လပ်ခဲ့ပြီး၊ အိန္ဒိယဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ အားထား အသုံးပြုခဲ့ရကြောင်း သိရသည်။

 

အလင်း

 

#PeopleMedia


Share this post