ဟုမ္မလင်းမြို့၌ Covid-19 ရောဂါပိုးတွေ့၍ ဆေးကုသမှုခံယူရင်း ဆေးရုံမှထွက်ပြေးသည့် အချုပ်သား ၄၈ နာရီအတွင်း ပြန်လည်ဖမ်းမိ

PUBLISHED - January 21, 2021
ဟုမ္မလင်း၊ ဇန်နဝါရီ – ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပြီးခဲ့သည် ၁၈ ရက်နေ့ မနက်ပိုင်းအချိန်မှာ ချုပ်နှောင်ထားသည့် လက်ထိပ်သံကြိုးများကို ဖျက်ဆီးပြီး ထွက်ပြေး သွားသည့် လူနာအချုပ်သား ယနေ့မွန်းလွဲပိုင်းမှာ ပြန်လည်ဖမ်းဆီးရမိသည်ဟုသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ကုတင်(၁၀၀)ဆေးရုံတွင် ဆေးကုသမှုခံယူနေ သည့် (Covid-19) ရောဂါပိုးတွေ့ လူနာအချုပ်သားတစ်ဦး လူနာအမှတ်(၃၄)သည် ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးသွားရာ ၄၈ နာရီအတွင်း ခရိုင်မှုခင်းရဲတပ်ဖွဲ့ဝင်များနှင့် ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန် ရက်အဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
“လိုင်မဆန် ဟူနောင်ရွာ အနောက်ဘက် အခင်းအင်း တောစပ်ကနေ ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ ဖမ်းဆီးရမိခဲ့တာပါ၊ အခင်းတဲကနေ ဆိုင်ကယ်သံကြားတော့ သူကထွက်ပြေးတာ အင်းရေထဲထိလိုက်ဖမ်းခဲ့ ရတယ်” ဟု ဖမ်းဆီးရမိရေးတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်မှ စိုင်းခွန် ဆေးကပြောသည်။
ထွက်ပြေးသွားသည့် အချုပ်သားသည် အသက် (၂၇) နှစ်အရွယ်ရှိ သဝန်ထွက်ဝကျေးရွာမှ အမျိုးသား တစ်ဦးဖြစ်ပြီး တလင်တမယားဥပဒေဖြင့် အမှုရင်ဆိုင်နေသူဖြစ်သည်။
“ကက်သာကျေးရွာ နောက်ကျော ဟူနောင်ကျေးရွာမှာ ၄၈ နာရီအတွင်း ဖမ်ဆီးရမိတာပါ” ဟု ရဲတပ်ဖွဲ့ ဝင်တစ်ဦးမှပြောသည် ။
ပြန်လည်ဖမ်းဆီးရမိသည့် ထွက်ပြေးအချုပ်သားအား ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန်လုပ် ဆောင်နေသည်ဟုသိရသည်။
သတင်း – ကိုကျော်ကြီး
ဓာတ်ပုံ – စိုင်းခွန်ဆေး(ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်)
#PeopleMedia #ဟုမ္မလင်း
(unicode)
………………………………………………………
#PeopleMedia #ဟုမ်မလငျး