• Follow Us on
Latest News

Home ဟူသီဒုံးကျည်တစ်စင်း အမေရိကန်စစ်သင်္ဘောနဲ့ တစ်မိုင်အကွာကျရောက်လာတဲ့အတွက် အမေရိကန်တပ်ဖွဲ့ ဝင်တွေလုံခြုံရေးစိုးရိမ်နေ

ဟူသီဒုံးကျည်တစ်စင်း အမေရိကန်စစ်သင်္ဘောနဲ့ တစ်မိုင်အကွာကျရောက်လာတဲ့အတွက် အမေရိကန်တပ်ဖွဲ့ ဝင်တွေလုံခြုံရေးစိုးရိမ်နေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃

 

ဟူသီသူပုန်တွေပစ်လိုက်တဲ့ သင်္ဘောဖျက်ဒုံးကျည်တစ်စင်းဟာ အမေရိကန်စစ်သင်္ဘောတစ်စီးနဲ့ ရေမိုင်တစ်မိုင် (၁.၈ ကီလိုမီတာ) အကွာအဝေးကို ကျရောက်လာတဲ့အတွက် ပင်လယ်နီထဲက အမေရိကန်ရေတပ်တပ်ဖွဲ့ဝင် တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်း ဟူသီသူပုန်တွေရဲ့ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချတဲ့အချိန်ကတည်းက ပထမဦးဆုံးအ ကြိမ်အဖြစ် USS Gravely ဖျက်သင်္ဘောဟာ အလိုအလျောက်အနီးကပ်ပစ်စက်သေနတ် (Close-In Weapon System – CIWS) ကို အသုံးပြုခဲ့ရကြောင်း အမေရိကန်စစ်ဘက်အရာရှိလေးဦးက ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။

 

CIWS စက်သေနတ်ဟာ တစ်မိနစ်ကို ကျည် ၄၅၀၀ အထိ ပစ်ခတ်နိုင်ပြီး ပုံမှန်အားဖြင့် အနီးကပ်ကြားဖြတ် ပစ် ချရာမှာ အသုံးပြုတယ်လို့ဆိုပါတယ်။

 

အဲဒီလက်နက်ဟာ အမေရိကန်စစ်သင်္ဘောတွေအတွက် အနီးကပ်ခံစစ်နောက်ဆုံးလိုင်းလက်နက်အဖြစ် ယူဆ ထားတယ်လို့လည်း ဆိုပါတယ်။

 

အရင်တုန်းကတော့ အမေရိကန်ရေတပ်ဟာ ၈ မိုင် (၁၃ ကီလိုမီတာ) အကွာအဝေးထက် ပိုမိုကျော်လွန်တဲ့ ရန်သူ့ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချလေ့ရှိပါတယ်။

 

ဒါပေမဲ့လက်ရှိ ဒီ CIWS စက်သေနတ်ကို အသုံးပြုခဲ့ရတဲ့ဖြစ်စဉ်ကိုကြည့်ရင် အဲဒီစစ်သင်္ဘောဟာ အကောင်းဆုံး သင့်တော်တဲ့အနေအထားမှာ မရှိခဲ့ဘူးဆိုတာ ထင်ရှားကြောင်း ရေတပ်အငြိမ်းစားဗိုလ်ကြီးတစ်ဦးကပြော ပါတယ်။

 

CIWS စက်သေနတ်က ဟူသီဒုံးကျည်ကို ပစ်ချနိုင်ခဲ့ပေမဲ့ ဂျော်ဒန်နိုင်ငံမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်မှုတွေမြင့် တက်လာခဲ့ပါတယ်။

 

ဟူသီသူပုန်တွေပစ်လိုက်တဲ့ ဒုံးကျည်တွေဟာ အမေရိကန်စစ်သင်္ဘောတွေနဲ့ ပိုမိုနီးကပ်လာတဲ့အတွက် ဟူသီ တွေရဲ့ တိုက်ခိုက်မှုစွမ်းရည်ဟာ ပိုမိုအဆင့်မြင့်လာဖွယ်ရှိကြောင်း သတင်းမီဒီယာလေးငါးခုမှာ ဖော်ပြထားပါ တယ်။

 

ဒါပေမဲ့ အခုလို ဒုံးကျည်တစ်စင်းနီးကပ်လာရုံနဲ့ စစ်သွေးကြတွေတိုက်ခိုက်နေတဲ့နည်းလမ်းတွေ အဆင့်ြ့မင့်လာပြီ လို့ ပြောဆိုလို့မရကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။

 

Ref: Houthi Missile Got Within One Mile of US Warship: Senior Officials

 

#PeopleMedia


Share this post