ဟူသီသူပုန်များတိုက်ခိုက်မှုကြောင့် ယီမင်တပ်ဖွဲ့ဝင် ၃၀ ကျဆုံး

PUBLISHED - August 30, 2021
နိုင်ငံတကာ၊ သြဂုတ် ၃၀ (People Media)
ယီမင်နိုင်ငံ၏ အကြီးဆုံးလေဆိပ်တွင် အီရန်နိုင်ငံကထောက်ပံ့ထားသည့် ဟူသီသူပုန်များ၏ သြဂုတ်လ ၂၉ ရက်နေ့ကတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၃၀ ဦးကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရှိရှိခဲ့ကြောင်းသိရသည်။
ယီမင်နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့တော် အေဒင်မြို့၏ မြောက်ဘက် မိုင် ၄၀ အကွာတွင်ရှိသော အယ်လ်အနက် လေဆိပ်တွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါလေဆိပ်မှာ ၂၀၁၅ ခုနှစ် မတ်လတွင် အမေရိကန်တပ်များပြန်လည်ဆုတ်ခွာမသွားမီအထိ အယ်လ်ကိုင် ဒါအကြမ်းဖက်အဖွဲ့ကို ဒရုန်းလေကြောင်းစစ်ဆင်ရေးပြုလုပ်ရာတွင် အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ဌာနချုပ် အဖြစ်အသုံးပြုခဲ့သည့်လေဆိပ်ဖြစ်သည်။
“အစိုးရတပ်သား ၃၀ ကျော်လောက်ကျဆုံးပြီး ၅၆ ယောက် ဒဏ်ရာရသွားကြတယ်။” ဟု အစိုးရစစ်တပ်မှ ပြော ခွင့်ရပုဂ္ဂိုလ် မိုဟာမက်အယ်လ်နကွပ်ဒ်ကပြောသည်။ ဟူသီသူပုန်များသည် လေဆိပ်အား ဒုံးကျည်များဖြင့် ပစ် ခတ်ခဲ့သည့်အပြင် ဒရုန်းတစ်စင်းဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ၎င်းကပြောသည်။
အစိုးရတပ်ဖွဲ့ဝင်များကျဆုံးမှုအတွက် ယီမင်သမ္မတအေဘီဒရက်ဘိုမန်ဆာဟဒီက ဝမ်းနည်းကြေကွဲကြောင်းဖော် ပြပြီး ဟူသီသူပုန်များအနေဖြင့် ယီမင်ပြည်သူများအပေါ် ၎င်းတို့ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက် ထိုက် ထိုက်တန်တန်ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း အစိုးရပိုင် ဆာဘာသတင်းစာတွင် ဖော် ပြခဲ့သည်။ သူပုန်များဘက်မှ မည်သည့်တုံ့ပြန်ပြောဆိုချက်မှ မကြားရပေ။
လာဟစ်ဂျ်ဆေးရုံရှေ့တွင် လူနာတင်ယာဉ်များတစ်စီးပြီးတစ်စီး ထိုးဆိုက်လာပြီး လူအများအပြားစုဝေးလျက်ရှိ သည်ကို ဗီဒီယိုဖိုင်တစ်ခုတွင်တွေ့ရသည်။
“ကျွန်တော်တို့ ခွဲစိတ်ကုဆရာဝန်တွေ၊ သူနာပြုတွေ စတဲ့ဝန်ထမ်း အားလုံးကို ခေါ်ထားပါတယ်။” ဟု ဆရာဝန်တစ်ဦးကပြောသည်။
နယ်စည်းမထားဆရာဝန်များအသင်း (MSF) သို့ ဒဏ်ရာရလူနာ ၁၁ ဦးရောက်ရှိလာကြောင်း၊ အဆိုပါလူနာများ ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ဆေးရုံမှဆင်းပေးလိုက်ပြီဖြစ်ကြောင်း MSF မှ ဆရာဝန် များကပြောသည်။
Ref: 30 Loyalists Killed in Strikes on Yemen’s Biggest Airbase
#PeopleMedia
(unicode)
………………………………………………………….
Ref: 30 Loyalists Killed in Strikes on Yemen’s Biggest Airbase
#PeopleMedia