ဟူသီသူပုန်တွေပစ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ကို အစ္စရေး သံမဏိမြားဒုံးခွင်းဒုံးစနစ်က အာကာသထဲမှာပစ်ချ
PUBLISHED - November 6, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၆
အစ္စရေးနိုင်ငံက အခုသီတင်းပတ်အတွင်းမှာ သံမဏိမြားဒုံးခွင်းဒုံးစနစ် (Arrow missile-defence system) ကို အသုံးပြုပြီး ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အာကာသထဲမှာပစ်ချခဲ့ပါတယ်။
ယီမင်နိုင်ငံမှာရှိတဲ့ အီရန်အစိုးရထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေကပစ်လွှတ်လိုက်တဲ့ အဲဒီပဲ့ထိန်းဒုံးကျည်ဟာ အာရစ်ဘီယန်ကျွန်းဆွယ်အထက်ကောင်းကင်ယံကနေ မိုင် ၁၀၀၀ နီးပါး (ကီလိုမီတာ ၁၆၀၀ ဝန်းကျင်) ကို ဖြတ်ကျော်ပြီး အစ္စရေးနိုင်ငံ အေးလက်မြို့ကို ပျံသန်းလာတာဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အသေးစိတ်ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့လည်း အစ္စရေးလေတပ်ဟာ အဲဒီပဲ့ထိန်းဒုံးကျည်ကို ပစ်ချဖို့အတွက် အမှတ် ၂ သံမဏိမြားဒုံးခွင်းဒုံးစနစ်က ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်း ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပဲ့ထိန်းဒုံးကျည်ကို ပစ်ချနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့သလို အဲဒီဒုံးကျည်ကို သင့်တော်တဲ့အချိန်/နေရာမှာ ပစ်ချခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အလားတူ ယီမင်နိုင်ငံက ဟူသီသူပုန်တွေကလည်း အစ္စရေးနိုင်ငံကို ချိန်ရွယ်ထားတဲ့ ဒရုန်းတွေနဲ့ တခြားတာ ဝေးပစ်လက်နက်တွေရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အခုဒုံးကျည်ပစ်လွှတ်လိုက်တဲ့ပုံကို ဗီဒီယိုဖိုင်ထုတ်ဖော်ပြ သခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ပစ်လွှတ်ခဲ့တဲ့ အဲဒီပဲ့ထိန်းဒုံးကျည်ဟာ အီရန်ထုတ် Shahab 3 ဒုံးကျည်ကိုအဆင့်မြှင့် တင်ထားတဲ့ Qader ဒုံးကျည်ဖြစ်တယ်လို့ ဆိုပါတယ်။
၁၅ မီတာအရှည်ရှိတဲ့ Qader ဒုံးကျည်ဟာ ပေါက်ကွဲအားမြင့်မားတဲ့ဒုံးကျည်ထိပ်ဖူးတစ်ခုကို သယ်ဆောင်နိုင်ပြီး ဟူသီသူပုန်တွေရှိတဲ့နေရာကနေ အစ္စရေးတစ်နိုင်ငံလုံးကို ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေဟာ လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံကို စစ်ကြေညာထားပါ တယ်။
ပထမအကြိမ်ပင်လယ်ကွေ့စစ်ပွဲအတွင်း အီရတ်နိုင်ငံက အစ္စရေးမြို့ကြီးတွေကို စကတ်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ တဲ့အတွက် အဲဒီဒုံးကျည်တွေကို ကြားဖြတ်ပစ်ချဖို့ အမေရိကန်-အစ္စရေးပူုးတွဲစီမံချက်တစ်ရပ်အဖြစ် သံမဏိမြား ဒုံးခွင်းဒုံးစနစ်ကို တပ်ဖြန့်ချထားခဲ့တာဖြစ်ပါတယ်။
Ref: In a first, Israel shoots down a ballistic missile in space
#PeopleMedia