ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်စစ်သင်္ဘောကို အီရန်တပ်ဖွဲ့ဝင်တွေ ကြားဖြတ်ဟန့်တား
PUBLISHED - August 21, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၁
ပါရှန်ပင်လယ်ကွေ့ထဲက ဟော်မုဇ်ရေလက်ကြား ကမ်းလွန်ဒေသမှာ အမေရိကန်ရေတပ်ရေယာဉ်တစ်စီးကို အီရန်ရေတပ်က ကြားဖြတ်ဝင်ရောက်ဟန့်တားနေတဲ့ပုံကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဗီဒီယိုဖိုင်တစ် ခု ထုတ်လွှင့်ပြသလိုက်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အမြန်ရေယာဉ်တွေက USS Thomas Hudner ရေယာဉ်နဲ့ အဲဒီရေယာဉ် ပေါ်မှာ ဖြတ်ပျံနေတဲ့ ရဟတ်ယာဉ်နှစ်စင်းကို အီရန်ရေပိုင်နက်ထဲမကျူးကျော်ဖို့ သတိပေးနေတဲ့ပုံကို ဗီဒီယိုဖိုင် ထဲမှာ တွေ့မြင်ရပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရေတပ်က အဲဒီကျူးကျော်လာတဲ့အမေရိကန်ရေယာဉ်ကို အီရန်အမြန်ရေ ယာဉ်တွေဆီကအမိန့်အတိုင်းလိုက်နာဆောင်ရွက်ခိုင်းခဲ့တယ်လို့ အီရန်ရေတပ်ဗိုလ်ချုပ်ကြီး အလီရက်ဇာတန် ဆီရီက ပြောပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ ဇိုဖာကာသင်္ဘောအုပ်စုက စစ်သင်္ဘောတွေကို အမေရိကန်ရဟတ်ယာဉ် တွေချဉ်းကပ်လာတဲ့ အီရန်ရေပိုင်နက်ထဲကို တပ်ဖြန့်ချထားခဲ့ကြောင်း ၎င်းက ပြောပါတယ်။
အီရန်စစ်သင်္ဘောတွေဟာ အီရန်အမြန်ရေယာဉ်တွေနဲ့ ပူးပေါင်းပြီး USS Thomas Hudner ရေယာဉ်ပေါ်က ပျံ တက်လာတဲ့ ရစတ်ယာဉ်တွေကို အဲဒီစစ်ရေယာဉ်ပေါ်ကို ပြန်လည်ဆင်းသက်ဖို့ ဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။ အီရန်တပ်ဖွဲ့က အမေရိကန်ရေယာဉ်ကို သတိပေးခဲ့သလို အမေရိကန်စစ်ရေယာဉ်ကလည်း ၎င်းတို့ရေယာဉ် ဟာ နိုင်ငံတကာရေပိုင်နက်ထဲမှာရှိနေတာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာတော့ အမေရိကန်ရဟတ်ယာဉ်တစ်စင်းဟာ စစ်ရေယာဉ်ပေါ်ကို ဆင်းသက်နေတာမြင်ရပေမဲ့ အဲ ဒီလိုဆင်းသက်တာဟာ အီရန်တပ်ဖွဲ့တွေကြောင့် မဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။
“အီရန်နိုင်ငံနဲ့ တခြားပါရှန်ပင်လယ်ကွေ့နိုင်ငံတွေဟာ ဒေသတွင်းလုံခြုံရေးအတွက် တိကျသေချာအောင်ဆောင် ရွက်နေတဲ့အတွက် ပြင်ပက တခြားဘယ်နိုင်ငံကမှ ဝင်ရောက်လာဖို့မလိုပါဘူး။” လို့ အီရန်ရေတပ်ဗိုလ်ချုပ်ကြီး အလီရက်ဇာတန် ဆီရီက ပြောပါတယ်။
အမေရိကန်ရေတပ်က ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးယာဉ် USS Bataan (LHD 50)၊ ကမ်းထိုးရေယာဉ် USS Carter Hall (LSD 50) တို့နဲ့အတူ ရေတပ်တပ်ဖွဲ့ဝင် ၃၀၀၀ ကျော်ပါဝင်တဲ့ တပ်တွေရောက်ရှိလာတာကို ရည် ညွှန်းပြီး အီရန်ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
Ref: IRGC Navy ‘Intercepts’ US Warships at Strait of Hormuz
#PeopleMedia