• Follow Us on
Latest News

Home ဟဲဟိုးမြို့တွင် Hijet ယာဉ်မှရပ်ထားသော ၆ ဘီးယာဉ်အား ဝင်တိုက်မိပြီး လူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိ

ဟဲဟိုးမြို့တွင် Hijet ယာဉ်မှရပ်ထားသော ၆ ဘီးယာဉ်အား ဝင်တိုက်မိပြီး လူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီးတွင် ယနေ့ နံနက် ၆ နာရီအချိန်က Hijet ယာဉ်မှ ရပ်ထားသော ၆ ဘီးယာဉ်အား ဝင်တိုက်မိပြီး လူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။

 

ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၉/၇) နှင့် (၉၀/ဝ) ကြားတွင် Hijet (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူ ရောင်) (၆)ဘီးယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မိပြီး Hijet (အဖြူရောင်)ယာဉ်မှ ယာဉ်မောင်းကားခေါင်း ခန်းတွင် ညပ်နေကြောင်း သတင်းရရှိသဖြင့် ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကျား(၁)ဦးနှင့် မ(၁)ဦး(သေဆုံး)၊ ကျား(၃)ဦးနှင့် မ(၄) ထိခိုက်ဒဏ်ရာရရှိသူ (မစိုးရိမ်ရ)တို့အား ဟဲဟိုးမြတ်စေတနာလူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post