• Follow Us on
Latest News

Home ဟွန်ဆန်ရဲ့သားဖြစ်သူကို ဝန်ကြီးချုပ်အဖြစ် ကမ္ဘောဒီးယားဘုရင်ခန့်အပ်

ဟွန်ဆန်ရဲ့သားဖြစ်သူကို ဝန်ကြီးချုပ်အဖြစ် ကမ္ဘောဒီးယားဘုရင်ခန့်အပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့သား ဟွန်မာနတ်ကို ကမ္ဘောဒီးယားဘုရင်က သြဂုတ်လ ၇ ရက် (တနင်္လာနေ့) က နိုင်ငံရဲ့ ခေါင်းဆောင်သစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ နိုင်ငံကို နှစ်ပေါင်းလေးဆယ်နီးပါးအုပ်ချုပ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ သားဖြစ်သူ ဟွန်မာနတ်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် လွှဲပြောင်းပေးလိုက်တာလည်းဖြစ်ပါတယ်။

 

ဇူလိုင်လကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ကမ္ဘောဒီး ယားဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းအနေနဲ့ ဝန်ကြီးချုပ်တာဝန်က အနားယူတော့မှာဖြစ်ပြီး သားဖြစ်သူဟွန်မာနတ် ကို လွဲှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

ရွေးကောက်ပွဲမှာ အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က အောက်လွှတ်တော် ၁၂၅ နေရာ အနက် ၅ နေရာကလွဲလို့ ကျန်နေရာအားလုံး အနိုင်ရခဲ့တာကို ရွေးကောက်ပွဲ ဝင်ခွင့်မရဘဲ ဖြုတ်ချခံလိုက်ရတဲ့ အတိုက်အခံ Candlelight (ဖယောင်းတိုင်မီး) ပါတီက ရှက်စရာလုပ်ရပ်အဖြစ် ပြောဆိုခဲ့ပါတယ်။

 

တနင်္လာနေ့မှာ ဟွန်ဆန်ရဲ့မေတ္တာရပ်ခံချက်အရ “လွှတ်တော်ရဲ့ သတ္တမအကြိမ်မြောက် ရွေးချယ်ခွင့်အရ ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်ရဲ့ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဟွန်မာနတ်ကို ခန့်အပ်လိုက်ကြောင်း” ကမ္ဘောဒီး ယားဘုရင် နိုရိုဒွမ်ဆီဟာမိုနီက တော်ဝင်ပြန်တမ်းတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါပေမဲ့ အသက် ၄၅ နှစ်အရွယ် ဝန်ကြီးချုပ်အသစ်နဲ့ ၎င်းရဲ့အစိုးရအဖွဲ့ဟာ တရားဝင်နိုင်ငံ့ခေါင်းဆောင်နဲ့ အစိုးရ တစ်ရပ်ဖြစ်လာဖို့အတွက် သြဂုတ်လ ၂၂ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်ထဲမှာ ထောက်ခံမဲတွေရရှိဖို့လိုအပ် သေးတယ်လို့ ဆိုပါတယ်။

 

မကြာခင်ထွက်ပေါ်လာတော့မယ့် အစိုးရအဖွဲ့ဟာ လူငယ်ဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့အစိုးရသစ်တစ်ရပ်နဲ့ ကဏ္ဍသစ်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအစိုးရသစ်အဖွဲ့က တချို့ရာထူးတွေကတော့ ၎င်းတို့ ဖခင်ဖြစ်သူတွေက စွန့်လွှတ်ပြီး နေရာဖယ်ပေးသွားတဲ့ ရာထူးတွေလို့ ဆိုပါတယ်။

 

သားဖြစ်သူရဲ့အုပ်ချုပ်မှုကဏ္ဍကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်း ဟွန်ဆန်ကပြောကြားခဲ့ပေမဲ့ ၎င်းအနေ နဲ့ နိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်ကို ဆက်လက်လွှမ်းမိုးသွားမှာဖြစ်ကြောင်း ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံကိုပြော ကြားခဲ့ပါတယ်။

 

ဟွန်ဆန်အုပ်ချုပ်စဉ်ကာလမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေအများအပြားရှိခဲ့သလို အဂတိလိုက်စားမှုတွေ များပြားပြီး ပြိုင်ဘက်အတိုက်အခံပါတီတွေကို ဖိနှိပ်ခဲ့ကြောင်း ဝေဖန်သူတွေက ပြောဆိုခဲ့ပေမဲ့ ၁၉၈၅ ခုနှစ် အာ ဏာရလာတဲ့အချိန်ကစပြီး ပြည်တွင်းစစ်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ပျက်စီးခဲ့ရတဲ့နိုင်ငံကို ခေတ်မီနိုင်ငံတစ် နိုင်ငံဖြစ်အောင် ဝန်ကြီးချုပ်ဟွန်ဆန်က ဆောင်ရွက်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂက ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တ ရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ စွပ်စွဲပြီး ပြစ်တင်ရှုတ်ချခဲ့ပေမဲ့ ဟွန်ဆန်က အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။ သားဖြစ်သူ ဟွန်မာနတ် ဒုက္ခအကြီးအကျယ်ရောက်မယ့်ကိန်းဆိုက်လာခဲ့ရင်တော့ ၎င်းအနေနဲ့ ဝန်ကြီးချုပ်တာ ဝန်ကို ပြန်လည်ထမ်းဆောင်မှာဖြစ်ကြောင်း ဟွန်ဆန်က ပြောပါတယ်။

 

Ref: Cambodian king appoints Hun Sen’s son new PM

 

#PeopleMedia


Share this post