• Follow Us on
Latest News

Home အကူအညီလိုအပ်လျက်ရှိသောပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အဆင်ပြေချောမွေ့စွာပေးအပ်နိုင်ရေးဆွေးနွေး

အကူအညီလိုအပ်လျက်ရှိသောပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အဆင်ပြေချောမွေ့စွာပေးအပ်နိုင်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs-UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အား ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် အကူအညီလိုအပ်လျက်ရှိသော ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး၊ ထိုသို့ပေးအပ်ရာတွင် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ နားလည်မှုရှိစွာ အတူတကွပူးပေါင်းဆောင်ရွက်ရေးနှင့် ၂၀၂၅ ခုနှစ်၌ ဆက်လက် ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုနှင့် လုပ်ငန်းစဉ်များတိုးချဲ့နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia


Share this post