• Follow Us on
Latest News

Home အက်င့္ပ်က္ျခစားမႈေၾကာင့္ ဇင္ဘာေဘြ က်န္းမာေရးဝန္ႀကီး ဖမ္းဆီးခံရ

အက်င့္ပ်က္ျခစားမႈေၾကာင့္ ဇင္ဘာေဘြ က်န္းမာေရးဝန္ႀကီး ဖမ္းဆီးခံရ

Share this post

ႏိုင္ငံတကာ၊ ဇြန္ ၂၀

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္သည့္ ေဆးဝါးဆိုင္ရာ ပစၥည္းကိရိယာမ်ား ေထာက္ပံ့မႈႏွင့္စပ္ လ်င္းေသာ အက်င့္ပ်က္ျခစားမႈေၾကာင့္ ဇင္ဘာေဘြ က်န္းမာေရးႏွင့္ ကေလးသူငယ္ေစာင့္ေရွာက္ေရးဝန္ႀကီး အို ဘာဒီယာမိုယိုအား ဖမ္းဆီးခဲ့ေၾကာင္း ဇင္ဘာေဘြ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ (ZACC) က ေျပာၾကားလိုက္ သည္။

ZACC က ဝန္ႀကီး အိုဘာဒီယာမိုယိုအား ယမန္ေန႔ညေနပိုင္းက ဖမ္းဆီးခဲ့မႈကို အတည္ျပဳခဲ့သည္။ “ဝန္ ႀကီး မိုယိုကို လက္ရွိမွာ ႐ိုဒီဗီလီ ရဲစခန္းမွာ ထိန္းသိမ္းထားၿပီး မနက္ျဖန္ ႐ုံးထုတ္ဖြယ္ရွိပါတယ္” ဟု ZACC ေျပာ ေရးဆိုခြင့္ရွိသူ ဂြၽန္မာကာမူရီက ေျပာၾကားသည္။

မာကာမူရီ၏အဆိုအရ ဝန္ႀကီး မိုယိုအား ေဒၚလာ သန္းခ်ီတန္ေၾကးရွိေသာ ကလိမ္ကက်စ္လုပ္ထား ေသာ ဝယ္ယူေရးဆိုင္ရာ စာခ်ဳပ္မ်ားႏွင့္ပတ္သက္၍ ဖမ္းဆီးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္က ခရီးသြားလုပ္ငန္းဝန္ႀကီး ပရက္စကာမူဖူမီရာ ဖမ္းဆီးခံရၿပီးေနာက္ မိုယိုမွာ သမၼတ အန္ မာဆင္နန္ဂါဂြာ အစိုးရလက္ထက္တြင္ အက်င့္ပ်က္ခ်စားမႈေၾကာင့္ ဖမ္းဆီးခံခဲ့ရေသာ ဒုတိယေျမာက္ဝန္ႀကီး ျဖစ္ လာခဲ့သည္။

အာရွႏွင့္ အေနာက္ႏိုင္ငံမ်ားႏွင့္ယွဉ္လ်င္ ဇင္ဘာေဘြႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အထိအခိုက္ နည္းပါးခဲ့ၿပီး အတည္ျပဳကူးစက္မႈ ၅၀၀ နီးပါးႏွင့္ ေသဆုံးသူ ေလးဦးသာရွိသည္။

သို႔ေသာ္လည္း စီးပြားေရးက် ဆင္းမႈႏွင့္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ဇင္ဘာေဘြႏိုင္ငံ၏ စီးပြားေရးအ က်ပ္အတည္းက စိုးရိမ္ရဆုံးအေျခအေနတစ္ခုသို႔ ေရာက္ရွိလ်က္ရွိသည္။

ဇင္ဘာေဘြႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈမွာ ဧၿပီလအတြင္း ၇၈၅ ဒသမ ၅၅ ရာခိုင္ႏႈန္းအထိ ရွိခဲ့ၿပီး စီးပြား ေရးမွာ ၿပီးခဲ့သည့္ႏွစ္က ၈ ဒသမ ၃ ရာခိုင္ႏႈန္း က်ဆင္းခဲ့ရာ စိတ္မခ်ရေသာဌာနမ်ားႏွင့္ အစိုးရ၏အက်င့္ပ်က္ျခစားမႈတို႔ေၾကာင့္ ျပည္သူတို႔၏အမ်က္ေဒါသ ပို၍ႀကီးမားလာခဲ့သည္။

ကိုးကား – ႐ိုက္တာ

Ref; Zimbabwe health minister arrested over coronavirus supplies scandal

[Unicode]
အကျင့်ပျက်ခြစားမှုကြောင့် ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီး ဖမ်းဆီးခံရ
……………………………………………………………………..

နိုင်ငံတကာ၊ ဇွန် ၂၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်သည့် ဆေးဝါးဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့မှုနှင့်စပ် လျင်းသော အကျင့်ပျက်ခြစားမှုကြောင့် ဇင်ဘာဘွေ ကျန်းမာရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီး အို ဘာဒီယာမိုယိုအား ဖမ်းဆီးခဲ့ကြောင်း ဇင်ဘာဘွေ အဂတိတိုက်ဖျက်ရေးကော်မရှင် (ZACC) က ပြောကြားလိုက် သည်။

ZACC က ဝန်ကြီး အိုဘာဒီယာမိုယိုအား ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခဲ့မှုကို အတည်ပြုခဲ့သည်။ “ဝန် ကြီး မိုယိုကို လက်ရှိမှာ ရိုဒီဗီလီ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မနက်ဖြန် ရုံးထုတ်ဖွယ်ရှိပါတယ်” ဟု ZACC ပြော ရေးဆိုခွင့်ရှိသူ ဂျွန်မာကာမူရီက ပြောကြားသည်။

မာကာမူရီ၏အဆိုအရ ဝန်ကြီး မိုယိုအား ဒေါ်လာ သန်းချီတန်ကြေးရှိသော ကလိမ်ကကျစ်လုပ်ထား သော ဝယ်ယူရေးဆိုင်ရာ စာချုပ်များနှင့်ပတ်သက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ခရီးသွားလုပ်ငန်းဝန်ကြီး ပရက်စကာမူဖူမီရာ ဖမ်းဆီးခံရပြီးနောက် မိုယိုမှာ သမ္မတ အန် မာဆင်နန်ဂါဂွာ အစိုးရလက်ထက်တွင် အကျင့်ပျက်ချစားမှုကြောင့် ဖမ်းဆီးခံခဲ့ရသော ဒုတိယမြောက်ဝန်ကြီး ဖြစ် လာခဲ့သည်။

အာရှနှင့် အနောက်နိုင်ငံများနှင့်ယှဉ်လျင် ဇင်ဘာဘွေနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိအခိုက် နည်းပါးခဲ့ပြီး အတည်ပြုကူးစက်မှု ၅၀၀ နီးပါးနှင့် သေဆုံးသူ လေးဦးသာရှိသည်။

သို့သော်လည်း စီးပွားရေးကျ ဆင်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေးအ ကျပ်အတည်းက စိုးရိမ်ရဆုံးအခြေအနေတစ်ခုသို့ ရောက်ရှိလျက်ရှိသည်။

ဇင်ဘာဘွေနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ဧပြီလအတွင်း ၇၈၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စီးပွား ရေးမှာ ပြီးခဲ့သည့်နှစ်က ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ စိတ်မချရသောဌာနများနှင့် အစိုးရ၏အကျင့်ပျက်ခြစားမှုတို့ကြောင့် ပြည်သူတို့၏အမျက်ဒေါသ ပို၍ကြီးမားလာခဲ့သည်။

ကိုးကား – ရိုက်တာ

Ref; Zimbabwe health minister arrested over coronavirus supplies scandal


Share this post