• Follow Us on

Home အက်စ်တိုးနီးယားရှိ အမာရီလေတပ်စခန်းပြုပြင်မွမ်းမံဖို့ လူဇင်ဘတ်က ရန်ပုံငွေထောက်ပံ့

အက်စ်တိုးနီးယားရှိ အမာရီလေတပ်စခန်းပြုပြင်မွမ်းမံဖို့ လူဇင်ဘတ်က ရန်ပုံငွေထောက်ပံ့

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂

 

အက်စ်တိုးနီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အမာရီလေတပ်အခြေစိုက်စခန်း ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် လူဇင်ဘတ်အစိုးရက နောက်ထပ်ရန်ပုံငွေတွေ ပေးပို့သွားမှာဖြစ်ကြောင်း The Defense Post မှာ ရေးသား ထားပါတယ်။

 

ဆိုဗီယက်ခေတ်ကတည်းက တည်ဆောက်ထားပြီး နှစ်ပေါင်း ၈၀ ကြာသက်တမ်းရှိပြီဖြစ်တဲ့ အဲဒီလေတပ်အခြေ စိုက်စခန်းကို ပြန်လည်မွမ်းမံအဆင့်မြှင့်တင်ရာမှာ လူဇင်ဘတ်အစိုးရက ယူရိုငွေ ၁၂ သန်း (ဒေါ်လာ ၁၂.၉ သန်း) ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် အက်စ်တိုးနီးယားအစိုးရက ၁၉၉၄ ခုနှစ်မှာ အဲဒီလေတပ်စခန်းကို ထိန်းချုပ်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။

 

၁၉၉၈ ခုနှစ်မှာတော့ အက်စ်တိုးနီးယား လေတပ်စောင့်ကြည့်ထောက်လှမ်းလေယာဉ်အုပ်ကို အဲဒီလေတပ်စခန်း မှာ တပ်ဖြန့်ချထားခဲ့ပါတယ်။

 

၂၀၀၄ ခုနှစ်မှာ အက်စ်တိုးနီးယားနိုင်ငံက နေတိုးအဖွဲ့ထဲဝင်ရောက်လာပြီးနောက် အဲဒီလေတပ်စခန်းကို နေတိုး မဟာမိတ်တပ်ဖဲ့တွေရဲ့ နိုင်ငံတကာလေတပ်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။

 

အမာရီလေတပ်အခြေစိုက်စခန်း ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် စုစုပေါင်း ဒေါ်လာ ၁၉.၉ သန်း ကုန်ကျမှာဖြစ် ကြောင်း အက်စ်တိုးနီးယားအစိုးရက ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လာမယ့် မတ်လအတွင်း စတင်ပြုလုပ်သွားမှာဖြစ်ပြီး ခုနစ်လကြာ ဆောင်ရွက် သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

“လူဇင်ဘတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုနဲ့ ကျွန်တော်တို့ လေတပ်စခန်းရဲ့အရည်အသွေးကို မြှင့်တင်သွားမှာဖြစ် ပါတယ်။ ဒီလေတပ်စခန်းက မဟာမိတ်တပ်ပေါင်းစုလေယာဉ်တွေနဲ့ ကျွန်တော်တို့လေယာဉ်တွေကို ပိုမိုကောင်း မွန်တဲ့ ထောက်ပံ့မှုတွေနဲ့ ဝန်ဆောင်မှုတွေ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” အက်စ်တိုးနီးယားကာကွယ် ရေးဝန်ကြီး ဟန်နိုပက်ဗ်ကာက ပြောပါတယ်။

 

“ဒီထောက်ပံ့မှုဟာ ဒေသတွင်းတစ်ခုလုံးလုံခြုံရေးအတွက် မဟာမိတ်နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေက အ ကောင်းဆုံးဥပမာတစ်ခုပဲဖြစ်ပါတယ်။ အက်စ်တိုးနီးယားနဲ့ ဒေသတစ်ခုလုံး လုံခြုံရေးအတွက် လူဇင်ဘတ်က မဟာမိတ်တွေကို ကျွန်တော်တို့ အလွန်ကျေးဇူးတင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားနိုင်ငံက ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်လိုက်ပြီးနောက် နေတိုးမဟာမိတ်အဖွဲ့က ဘော်လတစ်နိုင်ငံ တွေအတွက် လေကြောင်းကင်းလှည့်ရာမှာ အမာရီလေတပ်အခြေစိုက်စခန်းကို အသုံးပြုနေတာဖြစ်ပါတယ်။

 

လေတပ်စခန်းကြီးကြပ်ကွပ်ကဲရေးအတွက် ဘော်လတစ်သုံးနိုင်ငံဟာ လေးလတစ်ကြိမ် အလှည့်ကျ တာဝန် လွှဲ ပြောင်းထမ်းဆောင်လျက်ရှိပြီး လက်ရှိ လတ်ဗီးယားနိုင်ငံက ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

 

အမာရီလေတပ်စခန်းပြန်လည်ပြုပြင်မွမ်းမံမှာဖြစ်တဲ့အတွက် ဒေသတွင်း လေကြောင်းကင်းလှည့်ထောက်လှမ်း ရေးလုပ်ငန်းတွေကို လတ်ဗီးယားတပ်မတော်က ဦးစီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

အဲဒီစစ်ဆင်ရေးတာဝန်အတွက် ထောက်ပံ့နေတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ လတ်ဗီးယားနိုင်ငံရှိ လီယယ်ဗာ ဒယ်လ်လေတပ်စခန်းကို အသုံးပြုသွားမှာဖြစ်ပါတယ်။

 

Ref: Estonian Air Base Renovation Secures Additional Funds from Luxembourg

 

#PeopleMedia


Share this post