အကျဉ်းကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း ကိုဗစ်ကြောင့် ဆေးရုံတင်ထားရ

PUBLISHED - November 2, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂
မလေးရှားနိုင်ငံရဲ့ အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ COVID-19 ကူးစက်ခံထားရ ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဆေးရုံတင်ထားရတယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ (၂) ရက်နေ့က ပြောကြားခဲ့ပါတယ်။
အသက် ၇၀ နှစ်အရွယ် နာဂျစ်ဟာ ကိုဗစ်ကူးစက်ခံရမှုကြောင့် ထောင်ကနေ ဆေးရုံကို အင်္ဂါနေ့က ပို့ဆောင်ခဲ့ ရပြီး ဆေးရုံမှာသီးခြားခွဲထားကာ ကုသမှုခံယူနေရတယ်လို့ သူ့ရဲ့လက်ထောက်ဖြစ်သူ မိုဟာမက် မှုခါလီက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းနာဂျစ်ဟာ နိုင်ငံတော်ရန်ပုံငွေ 1Malaysia Development Berhad (1MDB) နဲ့ ဆက် နွယ်တဲ့ အဂတိလိုက်စားမှုတွေကြောင့် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတာဖြစ်ပါတယ်။
နာဂျစ်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့တဲ့ 1MDB ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ခိုးယူခံခဲ့ရပြီး ၁ ဘီလီယံကျော်ဟာ နာဂျစ်နဲ့ ဆက်စပ်နေတဲ့ အကောင့် တွေထဲကို ရောက်ရှိသွားတယ်လို့ အမေရိကန်နဲ့ မလေးရှားစုံစမ်းစစ်ဆေးရေးမှုတွေက ခန့်မှန်းထားပါတယ်။
ပျောက်ဆုံးသွားတဲ့ ရန်ပုံငွေတွေကို ဇိမ်ခံပစ္စည်းတွေ၊ အိမ်ခြံမြေ၊ ပီကာဆိုပန်းချီ၊ ကိုယ်ပိုင်ဂျက်လေယာဉ်၊ ဟိုတယ်တွေနဲ့ လက်ဝတ်ရတာနာတွေ ဝယ်ယူဖို့ အသုံးပြုခဲ့တဲ့အပြင် ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောလိ ဝုဒ်ရုပ်ရှင် “The Wolf of Wall Street” တို့ကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။
နာဂျစ်က အပြစ်မရှိကြောင်း အမြဲပြောဆိုခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာ ပထမဆုံးပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ သြဂုတ်လက နောက်ဆုံးအယူခံဝင်မှုကိုလည်း မလေးရှားထိပ်တန်းတရားရုံးက ပယ်ချခဲ့တဲ့အတွက် နိုင်ငံရဲ့ သမိုင်းမှာ ထောင်ဒဏ်ကျခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီအချိန်က စတင်ပြီး ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ အစာအိမ်ရောဂါ၊ သွေးတိုးနဲ့ အခြားပြဿနာ များစွာ အတွက် ဆေးရုံကို မကြာခဏတက်ရောက်နေခဲ့ရတာဖြစ်ပါတယ်။
နာဂျစ်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားခဲ့ပြီး တကယ်လို့ ခွင့်ပြုခဲ့မယ်ဆိုပါက ပြစ်ဒဏ်အနည်း ငယ်သာ ကျခံရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဝန်ကြီးချုပ်ဟောင်းဟာ အကျင့်ပျက်ခြစားမှုစွဲချက်တွေအပြင် အခြားသော တရားစီရင်မှု များစွာနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
Ref; CNA
#PeopleMedia