အကျပ်အတည်းတွေကို မြန်မာအစိုးရကိုယ်တိုင်ဦးဆောင်ဖြေရှင်းဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အားပေး ထောက်ခံ
PUBLISHED - January 30, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံမှာ စစ်ပွဲတွေရပ်တန့်ဖို့အတွက် အရှေ့တောင်အာရှဒေသနိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုရာမှာ အာဆီယံရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို စုစည်းညီညွတ်စွာထောက်ခံလိုက်သလို နိုင်ငံတွင်း အကျပ်အတည်းပြဿနာတွေကို မြန်မာအစိုးရကိုယ်တိုင်ဦးဆောင်ဖြေရှင်းဖို့ တနင်္လာနေ့ (ဇန်နဝါရီလ ၂၉ ရက် နေ့) က ထောက်ခံပြောကြားလိုက်ပါတယ်။
အခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံအစည်းအ ဝေးအပြီး ထုတ်ပြန်ကြေညာချက်မှာ “သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ကြိုစားရာမှာ လာ အိုနိုင်ငံက အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားပေးထောက်ခံကြောင်းနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့အတွက် ၎င်းရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ယုံကြည် မှုရှိကြောင်း” ဖော်ပြထားပါတယ်။
ဆယ်စုနှစ်တစ်ခုကြာ အပျံသင်စဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ရုတ်တရက် အဆုံးသတ် လိုက်ပြီး ၂၀၂၁ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ နိုင်ငံတစ်ဝန်း ဝရုန်းသုန်းကားဖြစ်သွား တဲ့နောက် မြန်မာနိုင်ငံဟာ စစ်ပွဲတွေ/ ပဋိပက္ခတွေကြားမှာ ချောင်ပိတ်နေခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် အယ်လင်ကဲယိုကစ်တခွန်က အခုလအစောပိုင်းက မြန်မာနိုင်ငံ ကို သွားရောက်ပြီး မြန်မာ့တပ်မတော်အကြီးအကဲနဲ့ တွေ့ဆုံခဲ့ပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်ကို အာဆီယံအဖွဲ့ကရော လာအိုနိုင်ငံကပါ မကြေညာခဲ့တဲ့အပြင် အဆိုပါအထူး ကိုယ်စားလှယ်ဟာ နစက အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ခြင်းရှိမရှိလည်း မသိ ရဘူးလို့ ဆိုပါတယ်။
“မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အတွက် လက်ရှိဖြစ်ပွား နေတဲ့ပဋိပက္ခအတွက် ငြိမ်းချမ်းပြီးပြည့်စုံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖြေရှင်းနည်းကို ရှာဖွေရာမှာ မြန်မာနိုင်ငံ ကို ကူညီထောက်ပံ့သွားဖို့ အာဆီယံအဖွဲ့ရဲ့ ကတိကဝတ်ကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပြောကြား လိုက်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အာဆီယံအဖွဲ့ရဲ့ စုစည်းညီညွတ်မှုကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုလိုက်ပြီး ကြိုးစားအားထုတ်မှု မှန် သမျှဟာ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်နဲ့ အညီဖြစ်ပြီး အာဆီယံဥက္ကဋ္ဌနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားသင့် ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းတွေ ဖွင့်လှစ်နိုင်ဖို့ အ တွက် တိုက်ခိုက်မှုတွေရပ်စဲပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ အစွမ်းကုန်စိတ်ရှည်သည်းခံကြဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။” လို့ ဖော်ပြထားပါတယ်။
မြန်မာပြည်က အကျပ်အတည်းတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်ကြမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ အာဆီယံအဖွဲ့ထဲမှာလည်း သဘောထားကွဲပြားခဲ့ကြပါတယ်။ မြန်မာအစိုးရဟာ စစ်မျက်နှာပေါင်းစုံမှာ ၎င်း တို့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင် သူပုန်တွေကိုရော တိုင်း ရင်းသားလက် နက်ကိုင်သူပုန်တွေကိုပါ “အကြမ်းဖက်သမားတွေ” လို့ ခေါ်ဝေါ်ပြီး အဲဒီ အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ငြင်းဆန် ထားပါတယ်။
တိုက်ပွဲတွေကြောင့် မြန်မာပြည်သူ ၂ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
အာဏာသိမ်းပြီး နှစ်လအတွင်း မြန်မာအစိုးရကိုယ်တိုင် အာဆီယံအဖွဲ့နဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံအစည်းအဝေးတွေမှာ မြန်မာထိပ်တန်း ဗိုလ်ချုပ်ကြီးတွေကို တက်ရောက်ခွင့်မပြုဘဲ “နိုင်ငံရေးကို ကိုယ်စားမပြုတဲ့” ကိုယ်စားလှယ်တွေကိုသာ စေ လွှတ်ပေးဖို့ အာဆီယံအဖွဲ့ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံတဲ့အနေနဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ အာဆီယံအစည်း အဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်အရာရှိတစ်ဦးစေလွှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန်ဖြစ်သူ ဒေါ်မာလာသန်းထိုက် အခုလို အာဆီယံအ စည်းအဝေးတက်ရောက်လာတာဟာ အာဆီယံအဖွဲ့ရဲ့ မူဝါဒကို ဘာမှပြောင်းလဲစေမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Ref: ASEAN foreign ministers back ‘Myanmar-owned and led’ solution to crisis
#PeopleMedia