• Follow Us on
Latest News

Home အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၈၄ ပါးပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၀၀ ကျော် သေဆုံး

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၈၄ ပါးပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၀၀ ကျော် သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်းအကြမ်းဖက်တိုက်ခိုက် မှုများကြောင့် ရဟန်း/ သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ ရကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

 

မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)ကို ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပြည်သူ များကို အကြောက်တရားလွှမ်းမိုးလာစေရေး အကြမ်းဖက်လုပ်ရပ်များကို တရားလက်လွတ်ဥပဒေမဲ့ ယခု အချိန်ကာလအထိ လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်းအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၁၀၉၃၀ လုံးတို့ကို ဖျက်ဆီးခြင်းခံခဲ့ရပြီး ဖြစ်ကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေးကိုမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့်လည်း လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို အခြေခံပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် နည်းလမ်း မျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေကြောင်း ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်း ကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကြပ်ကိုင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြသကဲ့သို့ မည်သူတစ်ဦး တစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြောဆိုသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး အာမခံထားပြီး ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအကျိုးကို မလိုလားသည့်နိုင်ငံများ၏ ထောက်ပံ့မှုများရယူကာ အကြမ်းဖက်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေ လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီယဉ်ကျေးမှုကိုမလိုလားသည့် လက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် လည်း ဥပဒေမဲ့လုပ်ရပ်များနှင့် နယ်မြေချဲ့ထွင်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေသည်ကို သိသာ ထင်ရှားစွာတွေ့မြင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအခြေအနေ များကို ပြန်လည်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။

 

#PeopleMedia


Share this post