• Follow Us on
Latest News

Home အကြမ်းဖက်များမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုအချိန်အထိ ရထားလမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ်ကျုးလွန်ခဲ့

အကြမ်းဖက်များမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုအချိန်အထိ ရထားလမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ်ကျုးလွန်ခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ အောက်တိုဘာလ ၄ရက်နေ့အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ် ကျုးလွန်ခဲ့ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာ အကြား မိုင်တိုင် ၁၂၀/၇-၈ ရှိ တံတားအမှတ် (၁၇၉) အနီးတွင် အောက်တိုဘာလ ၄ရက်နေ့ နံနက် ၈ နာရီ ခန့်က တောကျွဲအင်း နယ်မြေရဲစခန်းမှ လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ဝိုင်ယာကြိုးများနှင့် သွယ်တန်း ထားသည့် မိုင်းဟုယူဆရသော ဆာလာအိတ်နှင့် ထည့်ထားသော ကော်ပုံးနှစ်ပုံးကိုတွေ့ရှိရသဖြင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများသွားရောက်ပြီး မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ ယင်းနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်မိုင်းကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ကုန်ရထားများသည် စောင့်ဆိုင်းရပ်နားခဲ့ရသဖြင့် မိုင်းရှင်းလင်းပြီးချိန်အထိ ရထားများ အချိန်တစ်နာရီခန့် ကြန့်ကြာမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့ မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post